|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: မျက်မှောက်ခေတ် မြန်မာနိုင်ငံ အနေအထား၊ ရှေးဦးမြန်မာတို့၏ ဘူမိနက်သန် တည်နေရာ၊ လူသားမျိုးနွယ် ကနဦးအစ၊ လူသားမျိုးနွယ်အစ မြန်မာဒေသ ဟုတ် မဟုတ်၊ သမိုင်းတင်ခေတ်နှင့် မြန်မာ့ယဉ်ကျေးမှု၊ ပထမ မြန်မာနိုင်ငံတော်နှင့် ဘာသာရေး၊ ရှေးခေတ် မြန်မာ့လူနေမှုအဖွဲ့အစည်းနှင့် အိမ်ထောင်ရေး၊ အိမ်ထောင်ပြုမှုဆိုင်ရာ ဥပဒေသဘောထား၊ ရှေးခေတ်မြန်မာတို့၏ သက်တမ်း၊ မြန်မာတို့၏ စားသုံးခြင်း ဓလေ့၊ မြန်မာတို့ အစဉ်အဆက် စားသုံးလေ့ရှိကြသည့် သရေစာများနှင့် သီးသန့် အစားအစာများ၊ ကျေးလက်ဒေသ အစားအစာများ၊ မြန်မာတို့၏ ချက်ပြုတ်စီမံသည့် နည်းစနစ်၊ ကျန်းမာရေးဆိုင်ရာ မြန်မာ့ဆင်ယင်ထုံးဖွဲ့မှု အထွေထွေ၊ မြန်မာ့ထိုးကွင်းမင်ကြောင်ဓလေ့၊ ကျောက်မျက်ရတနာ ဝတ်ဆင်မှု၊ နေထိုင်ရာ အဆောက်အအုံတွင် အသုံးပြုသည့် ပစ္စည်းများ၊ ရိုးရာ အားကစားများဖြစ်ကြသည့် ကိုယ်ခံသိုင်းပညာ၊ ခြင်းလုံး၊ နပန်း၊ လှေပြိုင်ပွဲများအကြောင်း၊ သင်္ကြန်၊ သီတင်းကျွတ်အပါအဝင် ပွဲတော်များအကြောင်း၊ ရာသီအလိုက် ဖူးပွင့်ကြသော ပန်းများ၊ ရှေးခေတ်မြန်မာများ အဖြစ်များသော ဝေဒနာများနှင့် မြန်မာတို့၏ ရောဂါစစ်တမ်း (၉၆)ပါး ဝေဒနာ၊ ရှေးခေတ်ပြည်သူ့အကျိုးပြု တိုင်းရင်းဆေးဝါးများကို လေ့လာခြင်းအပါအဝင် သမိုင်းစဉ်တစ်လျှောက် မြန်မာတို့၏ နေထိုင်မှု ဓလေ့စရိုက်များနှင့် အစဉ်တစိုက် အသုံးပြုခဲ့ကြသည့် တိုင်းရင်းဆေးဝါးများအကြောင်းကို အသေးစိတ်သုတေသနပြု ရေးသားထားသည်။ စာရေးသူသည် တရုတ်နိုင်ငံ ကန်တုံဆေးတက္ကသိုလ်မှ ဒေါက်တာဘွဲ့ရရှိခဲ့သည့်အပြင် မြန်မာနိုင်ငံ၏ အမြင့်ဆုံး စာပေဆုများဖြစ်သည့် အမျိုးသားစာပေဆုနှင့် ပခုက္ကူစာပေဆု (သုတေသန ပထမဆု)တို့ကို ရရှိခဲ့သူဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|