|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ဘဒ္ဒန္တအရှင်ဉာဏ၏ ထေရုပ္ပတ္တိကျင့်စဉ်နှင့် သြဝါဒမော်ကွန်း
-
-
Author(s):
မြေလတ်မြတ်သူ
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 282
- Binding: Paperback
- Publication Month Year: Jan-2009
- Size: 13 cm x 20 cm
|
- Description: မြန်မာပြည်၏ တောအနှံ့ တောင်အနံှ့တွင် နှစ်ပေါင်း ၄ဝ ကြာအောင် ကျင့်ကြံအားထုတ်ခဲ့ပြီး သုဿာန်ဓူတင် ၉၉ သင်္ချိုင်း၊ သစ်ဆိုးပင်ကြီး ၉ ပင် အဓိဌာန်၊ တောင်ကြီး ၉ လုံး အဓိဌာန်၊ ရေဆိပ်ကြီး ၉ ဆိပ်အဓိဌာန်၊ ဂူကြီး ၉ ဂူအဓိဌာန်၊ တောကြီး ၉ တောအဓိဌာန်တို့ကို အောင်မြင်ခဲ့သော ပဲခူးတိုင်း(အနောက်ပိုင်း) သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ အနောက်လက်ပံခုန်ရပ်ကွက်၊ ဓမ္မသုခကျောင်းတိုက်တွင် သီတင်းသုံးတော်မူသည့် ဓမ္မသုခဆရာတော်၏ ထေရုပ္ပတ္တိနှင့် ကျင့်စဉ်ကို မှတ်တမ်းတင် ပူဇော်ပေးထားခြင်းဖြစ်သည်။ ဆရာတော်၏ ရုပ်ပိုင်းဆိုင်ရာ အကြောင်းအရာ အချက်အလက်များနှင့်တကွ နာမ်ပိုင်းဆိုင်ရာ အကျင့်သီလ သမထ ဝိပဿနာတရားများကိုပါ ထည့်သွင်းထားသည်ကို တွေ့ရသည်။ ဆရာတော်၏ အထက်ပါအဓိဌာန်ဝင်ခဲ့ပုံများနှင့်တကွ ထူးသော ၉ ရက် အထူးကျင့်စဉ်၊ ဓမ္မဝီရ တရားသတ္တိအကြောင်း၊ ဓူတင် ၁၃ ပါး ဆောက်တည်ပုံနှင့် အနက်အဓိပ္ပာယ်၊ ဓူတင်နှင့် မေတ္တာကမ္မဋ္ဌာန်း၊ ဆရာတော်၏ ထူးခြားသော ဆွမ်းစားသုံးတော်မူပုံနှင့် ဆွမ်းစားနည်း၊ ရုပ်ကို အဟာရစောင့်ပုံ၊ သပိတ်တစ်လုံး စားသုံးမကုန် ဆေးစွမ်းပုံ၊ ဆရာတော်၏ သမထဝိပဿနာနှင့် ပါရမီအကြောင်းတို့နှင့် ဆရာတော်၏ တရားတော်များကို အသေးစိတ် မှတ်တမ်းတင်ထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|