|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- နန်းမတော်မယ်နု ရှင်းတမ်း
-
-
Author(s):
မောင်သန်းဆွေ (ထားဝယ်)
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 252
- Binding: Paperback
- Publication Month Year: Dec-2016
- Size: 13 cm x 21 cm
|
- Description: ကမ္ဘာသိ မြန်မာရာဇဝင်မှ မိဖုရားကြီး သုံးပါးရှိရာ ၎င်းတို့မှာ ပုဂံခေတ်မှ ဖွားစော၊ ကုန်းဘောင်ခေတ်လယ်မှ နန်းမတော် မယ်နုနှင့် ကုန်းဘောင်နိဂုံးမှ စုဖုရားလတ်တို့ ဖြစ်ကြသည်။ ဤစာအုပ်သည် လွန်ခဲ့သော နှစ် (၂ဝဝ) ခန့်က ဆင်းရဲသားလူတန်းစားမှ မွေးဖွားလာခဲ့သော်လည်း ထက်ထက်မြက်မြက်ကြိုးစားကာ အတိုက်အခံများစွာထဲတို့မှ ရုန်းကန်၍ ဘုန်းကံအလျောက် ထွန်းပေါက်လာခဲ့သူ၊ နောက်ဆုံးတွင် မြန်မာဘုရင်၏ နန်းမတော်ခေါင်ကြီးဖြစ်ခဲ့သော်လည်း ကံမကောင်း အကြောင်းမသင့်စွာဖြင့် ရေချအသတ်ခံရသူ၊ ရာဇဝင်ဆရာအစ ပြဇာတ်ဆရာအလယ် သဘင်သည်အဆုံး တစ်တိုင်းပြည်လုံး၏ ထွေးလုံးရစ်ပတ် မဟုတ်မဟတ် ပုတ်ခတ်စွပ်စွဲခြင်းခံခဲ့ရသူ နန်းမတော်မယ်နုနှင့် ပတ်သက်၍ အငြင်းပွားချက်များကို ဖြေရှင်းထားသော စာအုပ်ဖြစ်သည်။ စာရေးသူ မောင်သန်းဆွေ(ထားဝယ်)သည် စစ်ကိုင်းမင်းနှင့် မိဖုရားခေါင်ကြီးတို့မှ တိုက်ရိုက်ဆင်းသက်လာသည့် အနွယ်တော်များနှင့် ခင်မင်ရင်းနှီးသူတစ်ဦးဖြစ်ပြီး ယခုစာအုပ်ကိုလည်း ရာဇဝင်ကျမ်း အစောင်စောင်တို့နှင့် တိုက်ဆိုင်ညှိနှိုင်း၍ အမှားအမှန် ထောက်ပြဝေဖန်ထားသည်ဟု ဆိုသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|