|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- မဟာသတိပဋ္ဌာန်နှင့် မဇ္ဈိမပဋိပဒါကျင့်စဉ်
-
-
Author(s):
အရှင်ဣန္ဒြိယ (သျှင်မိုးဝေ)
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 235
- Binding: Paperback
- Publication Month Year: Dec-2009
- Size: 15 cm x 20 cm
|
- Description: မဟာသတိပဋ္ဌာန်သုတ်၏ အဓိပ္ပာယ်အကျယ်နှင့်တကွ ဗုဒ္ဓ၏ အလယ်အလတ် လမ်းစဉ် မဇ္ဈိမပဋိပဒါကျင့်စဉ်အကြောင်းကို ပြည့်ပြည့်စုံစုံ တင်ပြထားသည့် စာအုပ်ဖြစ်သည်။ သတိပဋ္ဌာန် ၄ ပါးကို အခန်းတစ်ခန်းစီဖြင့် ရှင်းလင်းထားရာ၌ အာနာပါနပဗ္ဗ - ထွက်လေ ဝင်လေ ရှုပုံ၊ ဣရိယာပထပဗ္ဗ - ဣရိယာပုတ် ၄ ပါးကို သိ၍ ရှုပုံ၊ သမ္ပဇညပဗ္ဗ - ပညာဖြင့် ရှုမြင်ပုံ၊ ပဋိကူလမနသိကာရပဗ္ဗ - ခန္ဓာကိုယ်ကို အစု ၃၂ ခု ပြု၍ စက်ဆုပ်ရွံ့ရှာဖွယ်ဟု နှလုံးသွင်းပုံ၊ ဓာတုမနသိကာရပဗ္ဗ - ဓာတ်ကြီး ၄ ပါး နှလုံးသွင်း ရှုမြင်ပုံ၊ နဝသိဝထိကပဗ္ဗ - သူသေကောင် ၉ မျိုးရှုပုံ၊ ဝေဒနာနုပဿနာ - ဝေဒနာကို ရှုမြင်ပုံ၊ စိတ္တာနုပဿနာ - စိတ်ကို အဖန်ဖန် ရှုမြင်ပုံ၊ ဓမ္မာနုပဿနာအခန်း၌ နိဝရဏပဗ္ဗ - နိဝရဏ (၅) ပါး ရှုမြင်ပုံ၊ ခန္ဓပဗ္ဗ - ခန္ဓာ ၅ ပါး ရှုမြင်ပုံ၊ အာယတန ပဗ္ဗ အာယတန ၁၂ ပါး ရှုမြင်ပုံ၊ ဗောဇ္ဈင်င်္ဂပဗ္ဗ - ဗောဇ္ဈင် ၇ ပါး ရှုမြင်ပုံများကို အသေးစိတ် ဖတ်ရှုကြရမည်ဖြစ်သည်။ ထို့ပြင် မဇ္ဈိမပဋိပဒါကျင့်စဉ် အခန်း၌ မဇ္ဈိမပဋိပဒါကို ဟောတော်မူခြင်းနှင့် မဇ္ဈိမပဋိပဒါဂုဏ်ရည်၊ အာရုံနှင့် စိတ် ဆက်သွယ်ပုံ၊ အာနာပါနမှ ဝိပဿနာကူးပုံ၊ ဒုက္ခသစ္စာ၊ မဂ္ဂသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာများကို ပိုင်းခြားပုံ၊ ပယ်ပုံနှင့် မျက်မှောက်ပြုပုံများနှင့် အခြားသိမှတ်ဖွယ်ရာ တရားတော်များကို အသေးစိတ်ရှင်းလင်း ရေးသားထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|