|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: မောင်မောင်ထွန်းအောင်(ကျန်းမာရေး)၏ အမျိုးသမီး ကျန်းမာရေးဆိုင်ရာ အင်တာဗျူးမေးခွန်းများကို သားဖွားနှင့် မီးယပ် အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါ်ချယ်ရီသန်းသန်းတင်က ဖြေဆိုထားခြင်းဖြစ်သည်။ အမေးအဖြေပါ အကြောင်းအရာများမှာ ဆရာမကြီး ပြုလုပ်ခဲ့သည့် သားအိမ်ခေါင်းကင်ဆာ သုတေသန၊ သွေးဆုံးခြင်းအကြောင်း သိကောင်းစရာ၊ အမျိုးသမီး မျိုးပွားအင်္ဂါ ရောဂါပိုးများအကြောင်းနှင့် ကာကွယ်နည်း, ဖြစ်လာပါက ကုသနည်း၊ အမျိုးသမီးနှင့် ရင်သားကင်ဆာ၊ ပဋိသန္ဓေတားနည်း အမျိုးမျိုးနှင့် မိမိနှင့် သင့်တော်သည့် နည်းလမ်းကို ရွေးချယ်ပုံ၊ ကိုယ်ဝန်ဆောင်များ ဗိုက်ခွဲမွေးသင့်သလား၊ ရိုးရိုးမွေးသင့်သလား ရွေးချယ်ခြင်း၊ ကြိုတင်ဗိုက်ခွဲမွေးခြင်းအကြောင်း သိကောင်းစရာ၊ ကိုယ်ဝန်ဆောင်စဉ် ဖြစ်ပေါ်တတ်သည့် ခါးနာခြင်း၊ သွေးကြောထုံးခြင်း၊ အိပ်မပျော်ခြင်း ပြဿနာများ၊ မွေးဖွားပုံ အဆင့်ဆင့်နှင့် ကြုံတွေ့ရတတ်သည့် မထင်မှတ်သည့် ပြဿနာများ၊ သွေးသွန်ခြင်း အန္တရာယ်၊ နို့တိုက်မိခင်တစ်ဦး၏ စားသောက်ပုံစနစ်၊ အပျိုဖော်ဝင်စ သမီးမိန်းကလေးများ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲချက်များ၊ မီးတွင်းချိန် ကျန်းမာရေးပြဿနာတို့ ဖြစ်ကြသည်။ စာအုပ်ပါ အင်တာဗျူးဆောင်းပါးများမှာ လစဉ်ထုတ် ဇီဝကမဂ္ဂဇင်းတွင် ဖော်ပြခြင်းခံခဲ့ရပြီးနောက် ယခုကဲ့သို့ စုစည်းကာ စာအုပ်အဖြစ် ထုတ်ဝေလိုက်ခြင်းဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|