|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ၁၉၉၅ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့က အနုပညာဦးစီးဌာန ယဉ်ကျေးမှုတက္ကသိုလ်၌ “ဇေယျတု သဗ္ဗမင်္ဂလံ”သီချင်းအကြောင်းကို ဆရာကြီးဦးသုခမှ ဟောပြောခဲ့ရာ ယခုစာအုပ်သည် ထိုဟောပြောချက်နှင့် ၎င်းသီချင်းဖြစ်ပေါ်လာပုံ နောက်ခံသမိုင်း ဆောင်းပါးတစ်ပုဒ်တို့ကို စုစည်းထုတ်ဝေလိုက်ခြင်းဖြစ်သည်။ သဗ္ဗမင်္ဂလံ - ခပ်သိမ်းသော မင်္ဂလာဟူသမျှ၊ ဇေယျတု - အောင်မြင်ပြီးမြောက်ပါစေသတည်းဟု အဓိပ္ပာယ်ရသော “ဇေယျတု သဗ္ဗမင်္ဂလံ”သီချင်းကို ရေးစပ်သူမှာ ဦးပြုံးချိုဖြစ်ပြီး သံစဉ်ထည့်သွင်းသူမှာ ဘဘဦးသုခ၏ အဘိုးတော်စပ်သည့် မျက်မမြင် စောင်းဆရာကြီး ဦးတုတ်ပေါဖြစ်သည်။ တစ်နေ့ ကျိုက်လတ်မြို့ ဝန်ထောက်ကြီး၏ သား မင်္ဂလာဆောင်တွင် ၎င်းသီချင်းကို ဆိုရန် စီစဉ်ကြရာ မျက်မမြင်ဖြစ်သည့် ဦးတုတ်ပေါကို မင်္ဂလာမရှိ၍ ပွဲတွင် လာရောက် မတီးခတ်ရဟု တားမြစ်ခဲ့ကြသည်။ ကိုယ်တိုင်ဖန်တီးခဲ့သော သီချင်း ၁ ပုဒ်ကို ကိုယ်တိုင် စောင်းတီးကာ ဖျော်ဖြေလိုက်မည်ဟု အားခဲထားရာမှ အခမ်းအနားနေ့တွင် မတီးခတ်ခဲ့ရသောအခါ ဦးတုတ်ပေါသည် နှလုံးသွေးပျက်၍ အသက်ဆုံးပါးသည်အထိ ခံစားသွားခဲ့ရသည်ဟုဆိုသည်။ ထို ဖြစ်ရပ်မှန် ဖြစ်စဉ်နှင့်တကွ သီချင်းပါ စာသားများ၏ မြန်မာစကားပြေရှင်းလင်းချက်ကို ဤစာအုပ်တွင် ဖတ်ရှုလေ့လာကြရမည်ဖြစ်သည်။ တေးရေးဆရာ မြသန်းစံမှ အမှာစာရေးပေးထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|