|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- အရောင်းမန်နေဂျာကောင်းတစ်ယောက် ဖြစ်မြောက်ရေး
-
-
Author(s):
ဒေါက်တာဇော်သန်း
- Type: Myanmar Books
-
Category:
စီမံခန့်ခွဲမှု
- No of Pages: 127
- Binding: Paperback
- Publication Month Year: Mar-2004
- Size: 15 cm x 21 cm
|
- Description: အရောင်းအောင်မြင်မှုဟူသည် အရောင်းသမားအားလုံး၏ အဓိက ဦးတည်ချက် ပန်းတိုင်ဖြစ်ရာ ထိုပန်းတိုင်သို့ ရောက်ရှိအောင် ချီတက်ရာတွင် အရောင်းမန်နေဂျာ၏ ဦးစီးပဲ့ကိုင်မှုသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်ကို တွေ့ရှိရမည်ဖြစ်သည်။ ဤစာအုပ်တွင် အရောင်းအောင်မြင်မှုများစွာတို့ ချောမောပြေပြစ်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အရောင်းမန်နေဂျာတို့ လိုက်နာကျင့်သုံးအပ်သည့် နည်းလမ်း ၁ဝ၁ နည်းကို ထိမိစေ့စုံစွာ ဖော်ထုတ်တင်ပြထားသည်။ ထို့ပြင် အရောင်းမန်နေဂျာများအတွက် အဖိုးတန်သော အကြံဉာဏ်များ၊ အရောင်းသမားများကို စနစ်တကျ စီမံခန့်ခွဲသွားနိုင်သော နည်းလမ်းများ၊ အရောင်းသမားတို့၏ လူမှုဘဝနှင့် ပတ်သက်၍ နားလည်စာနာမှုရှိစွာ စိတ်ဓာတ်မြှင့်တင်ပေးရေး၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တည်ဆောင်ပေးရေး၊ လုပ်ငန်းခွင် ပျော်ရွှင်မှု ရှိရေး၊ အခက်အခဲများ၊ စိတ်ဖိစီးမှုများကို နားလည်မှုရှိစွာ ဖြေရှင်းပြေလည်စေရေး၊ အရည်အချင်းရှိသော အဖွဲ့ဝင်သစ်များကို ရှာဖွေစုစည်း လေ့ကျင့်ပေးခြင်းဖြင့် မိမိလုပ်ငန်းအတွက် အင်အားဖြည့်တင်းရေးစသည်တို့ကိုပါ ပြည့်ပြည့်စုံစုံ ဖော်ပြထားသည်။ မူရင်းစာအုပ်အမည်မှာ Graham Little၏ Ways to be Better Sales Managerဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|