|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ဓမ္မစေတီခေါင်းလောင်းကြီး၏ အထောက်အထားများ
-
-
Author(s):
ချစ်စံဝင်း
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 136
- Binding: Paperback
- Publication Month Year: Aug-2011
- Size: 13 cm x 21 cm
|
- Description: ဓမ္မစေတီမင်း ဦးစီးသွန်းလုပ်ခဲ့သည့် ဓမ္မစေတီခေါင်းလောင်းနှင့် ပတ်သက်၍ သမိုင်းကျမ်းများ၊ စာအုပ်များ၊ သုတေသနစာတမ်းများလာ အထောက်အထားများကို တစ်စုတစ်စည်းတည်း လေ့လာဖတ်ရှုကြရမည့် စာအုပ်ဖြစ်သည်။ အလေးချိန် ပိဿာ တစ်သိန်းရှစ်သောင်းရှိ၌ တန်ချိန်အားဖြင့် တန်ပေါင်း ၂၉ဝ ရှိသော အဆိုပါခေါင်းလောင်းသည် ယနေ့ကမ္ဘာပေါ်တွင် အကြီးဆုံးခေါင်းလောင်းဟု မှတ်တမ်းတင်ထားခြင်း ခံထားရသည့် မော်စကိုရှိ ဇာကိုလိုကော့ခေါင်းလောင်းထက် နှစ်ပေါင်း ၂၅ဝ ခန့်စော၍ သွန်းလုပ်ခဲ့သလို ၎င်းခေါင်းလောင်းထက်လည်း ကြီးမားသည်ဟု ဆိုသည်။ ခေါင်းလောင်းကြီးသည် ရွှေတိဂုံဘုရားပေါ်တွင် ထားရှိပူဇော်ရာမှ ၁၆၁၂ ခုနှစ်အချိန်ရောက်သောအခါ သံလျင်မြို့စား ပေါ်တူဂီလူမျိုး ငဇင်ကာက ခေါင်းလောင်းကို အရည်ကြို၍ လက်နက်ပြုလုပ်ရန် ရွှေတိဂုံကုန်းတော်ပေါ်မှချ၊ သင်္ဘောပေါ်တင်၊ သံလျင်သို့ မြစ်ဖြတ်ကာ သယ်ယူရန် ကြိုးစားခဲ့သည်။ သို့သော် မြစ်ကူးလမ်းခရီးတွင် သင်္ဘောဝမ်းကွဲကာ ခေါင်းလောင်းကြီးလည်း မြစ်ကြမ်းပြင်သို့ရောက်ရှိခဲ့ရသည်။ ထိုခေါင်းလောင်းအကြောင်းကို ထိုခေတ်ထိုအခါက မှတ်တမ်းတင်ခဲ့သည်များ၊ ခေတ်အဆက်ဆက် သုတေသနပြု ရေးသားခဲ့သည်များ၊ ဆယ်ယူရန် ကြိုးစားခဲ့သည့် မှတ်တမ်းများကို ဤစာအုပ်တွင် စိတ်ဝင်စားဖွယ် တင်ပြရေးသားထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|