|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: သုခသမ္ပတ္တိဆိုသည်မှာ ငြိမ်းအေးမှု၊ တည်ကြည်အေးချမ်းမှု၊ ချမ်းသာမှုတို့ကို ဆိုလိုသည်။ သုခသမ္ပတ္တိကို နှစ်မျိုးခွဲခြားနိုင်သည်။ ပစ္စေကဗုဒ္ဓါများ၊ အဂ္ဂသာဝကာများ၊ မဟာသာဝကများ၊ ပကတိသာဝကများတို့၏ သုခသမ္ပတ္တိဆိုသည်မှာ အရိဟတ္တမဂ်ဉာဏ်ကို ရရှိပြီးနောက် လောကလူသားများနှင့် လုံးဝမပတ်သက်တော့ဘဲ အရိယာတို့ သုခသမ္ပတ္တိမျိုးကို ဆိုလိုသည်။ နတ်များ၊ ဝိဇ္ဇာများ၊ ဇော်ဂျီများ၊ စကြဝတေးမင်းများ၊ ပဒေသရာဇ်များ၊ ဧကရာဇ်မင်းတို့၏ သုခသမ္ပတ္တိမျိုးမှာမူ လောကီသုခသမ္ပတ္တိမျိုး ဖြစ်သည်။ လောကဓံတရား ၈ ပါးအပါအဝင် အခြားသော လောက၏ ဒဏ်ချက်များကို ခံနိုင်ရည် သတ္တိ ကြံ့ကြံ့ခံနိုင်ပါမှသာ သုခသမ္ပတ္တိတရားကို ပြည့်ဝစွာ ခံစားရရှိနိုင်မည်ဖြစ်သည်။ ထိုသို့ လောကဓံတရားများကို ခံနိုင်စွမ်းရှိ၍ အဆင့်အတန်းမြင့်မားသော အထက်တန်းကျသော သုခသမ္ပတ္တိရရှိနိုင်စေရန်အတွက် စာရေးသူဆရာတော်က သုခသမ္ပတ္တိတရားကို အပြည့်အဝ ပေးစွမ်းနိုင်သော ဓာတ်လေးပါးဂါထာတော်များ၊ ကျင့်စဉ်များ၊ သုခသမ္ပတ္တိယတြာများကို ဤစာအုပ်တွင် အကျယ်တဝင့် ရေးသားရှင်းလင်းထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|