|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- အသေးစား ငွေရေးကြေးရေးလုပ်ငန်း ရေရှည်ရပ်တည်အောင်မြင်ရေးအတွက် ကြိုးပမ်းမှုများ (မြန်မာပြည်အတွင်း ၁၄ နှစ်တာ ခရီး)
-
-
Author(s):
မြင့်ဆွေ (MIFIDA)
- Type: Myanmar Books
-
Category:
ကုန်သွယ်ရေး / စီးပွားရေး
- No of Pages: 231
- Binding: Paperback
- Publication Month Year: May-2016
- Size: 13 cm x 21 cm
|
- Description: အသေးစား ငွေကြေးဝန်ဆောင်မှုလုပ်ငန်းနှင့် ပတ်သက်၍ သိသင့်သိထိုက်သော အကြောင်းအရာများနှင့် ၁၉၉၇ ခုနှစ်မှ စတင်ထိတွေ့ ဆောင်ရွက်ခဲ့ရသည့် စာရေးသူ၏ လုပ်ငန်းအတွေ့အကြုံများကို ဗဟိုသမဝါယမအသင်းလိမိတက်မှ ထုတ်ဝေသော ဓနပျိုးခင်းဂျာနယ်တွင် စာရေးသူသည် လစဉ်ရေးသားခဲ့ရာ ယခုစာအုပ်မှာ ထိုဆောင်းပါးများကို စုစည်း၍ စာအုပ်အဖြစ်ထုတ်ဝေထားခြင်းဖြစ်သည်။ စာရေးသူသည် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ ရသုံးမှန်းခြေဌာနတွင်လည်းကောင်း၊ စက်မှု (၁) ဝန်ကြီးဌာန၏ စက်ရုံကော်ပိုရေးရှင်းများ၏ ဘဏ္ဍာရေးဌာနတွင်လည်းကောင်း၊ ကင်ညာနိုင်ငံ၌ လှည့်ပတ်ရန်ပုံငွေအရာရှိ UNV အဖြစ်လည်းကောင်း၊ ဆိုမာလီနိုင်ငံ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုအစီအစဉ်၏ ဘဏ္ဍာရေးဌာနတွင်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ရာ ထိုအတွေ့အကြုံများကြောင့် မြန်မာနိုင်ငံ ကုလသမဂ္ဂအစီအစဉ်ရုံးမှ စတင်အကောင်အထည်ဖော်သည့် အသေးစား ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအတွက် မြစ်ဝကျွန်းပေါ်ဒေသ တာဝန်ခံအဖြစ် ရွေးချယ်တာဝန်ပေးခြင်း ခံခဲ့ရသည်။ သူသည် စီမံကိန်းဒါရိုက်တာအဖြစ် ဘင်္ဂလားဒေ့ရှ်ရှိ Grameenလုပ်ငန်းများကိုလည်း သွားရောက်လေ့လာခဲ့သူ ဖြစ်သည်။ ဆောင်းပါးများတွင် ၁၉၉၇ ခုနှစ်မှစ၍ စတင်လုပ်ဆောင်ခဲ့သော အသေးစား ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများနှင့် အခြား ကျေးရွာအခြေခံ အဖွဲ့အစည်းများသို့ ပံ့ပိုးမှုအစီအစဉ်များအကြောင်းကို သူတွေ့ကြုံခဲ့ရသည့် အခက်အခဲများ၊ မည်သို့မည်ပုံ ဖြတ်သန်းဖြေရှင်းခဲ့ပုံများနှင့်တကွ ပြည့်ပြည့်စုံစုံ ဗဟုသုတဖြစ်ဖွယ် တင်ပြထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|