|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- ကလေးတို့အတွက် ယောဂ (Kids Yoga)
-
-
Author(s):
တီချယ်သွင် (H&F)
- Type: Myanmar Books
-
Category:
ကျန်းမာရေးနှင့် ဆေးပညာ
- No of Pages: 109
- Binding: Paperback
- Publication Month Year: Jul-2012
- Size: 18 cm x 25 cm
|
- Description: ၂၁ ရာစု ခေတ်လူငယ်များမှာ အလုပ်များသော မိဘများနှင့် မိသားစုဘဝ၊ မီဒီယာနှင့်၊ ကြော်ငြာတို့၏ ဖိစီးမှုဖြင့် ပျင်းရိငြီးငွေ့ဖွယ်ကောင်းလှသော ဘဝကို ဖြတ်သန်းနေသည်ကို တွေ့ရှိရမည်ဖြစ်သည်။ သူတို့ကလေးတွေသည် ပညာသင်ယူရေး၌လည်း အပြိုင်အဆိုင်များသော ကျောင်းများတွင် သင်ယူရလေ့ရှိရာ စိတ်ဖိစီးမှုမှာ အနည်းနှင့် အများဆိုသလို ကလေးတိုင်းတွင် ရှိကြလေ့ရှိသည်။ ထို စိတ်ဖိစီးမှု၊ စိတ်ခံစားမှု၊ ပူပင်သောကများကို လျော့ကျစေနိုင်ပြီး သူတို့ကိုယ် သူတို့ ယုံကြည်မှုနှင့် တည်ငြိမ်မှုကို ရရှိစေနိုင်သည့် ကလေးများအတွက် ယောဂကျင့်စဉ်အကြောင်းကို ဤစာအုပ်တွင် မှတ်တမ်းတင် ဓာတ်ပုံများစွာနှင့်တကွ လေ့လာကြရမည်ဖြစ်သည်။ စာအုပ်ပြုစုသူကလည်း “ယောဂသည် လူတစ်ဦးချင်းစီအတွက် စိတ်နှလုံးအေးချမ်းမှု၊ ဘဝအဓိပ္ပာယ်၊ ဒဿနတို့ကို ရရှိလာနိုင်စေပြီး ကလေးငယ်ကဲ့သို့ ဖြူစင်သော စိတ်ထားကို ဖြစ်ပေါ်စေနိုင်သည်”ဟု ညွှန်းဆိုထားသည်။ စာအုပ်ကို အခန်း ၆ ခန်းခွဲထားရာ ၎င်းတို့မှာ ယောဂနှင့် သင့်ကလေးငယ်၊ သွေးပူလေ့ကျင့်ခန်းနှင့် စတင်ခြင်း၊ ကိုယ်နေဟန်များ၊ အနားယူလေ့ကျင့်ခန်းများ၊ အာရုံကြောနှင့် အသက်ရှုလေ့ကျင့်ခန်းများ၊ နှစ်ဦး (သို့မဟုတ်) အစုအဖွဲ့နှင့် လေ့ကျင့်ခြင်းတို့ ဖြစ်ကြသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|