|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- မြန်မာနိုင်ငံ ကျောင်းသားများ လှုပ်ရှားမှုသမိုင်း (၁၉၄၅ - ၅၈)
-
-
Author(s):
အံ့ကျော်
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 386
- Binding: Paperback
- Publication Month Year: Sep-2012
- Size: 16 cm x 23 cm
|
- Description: မြန်မာ့နိုင်ငံ၏ သမိုင်းဖြစ်စဉ်များကို လေ့လာလျှင် မပါမဖြစ် ဖြစ်သော ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂတို့၏ ၁၉၄၅ - ၅၈ အတွင်း လှုပ်ရှားမှုများကို လေ့လာမှတ်တမ်းတင်ထားသော စာအုပ်ဖြစ်သည်။ ၎င်း တကသနှင့် ဗကသတို့၏ ဖွဲ့စည်းထားပုံ၊ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု နောက်ဆုံးအဆင့်တွင် တစ်မျိုးသားလုံးနှင့် လက်တွဲ၍ ကျောင်းသားသမဂ္ဂများသည် တစ်စည်းတစ်လုံးတည်း ပါဝင်လှုပ်ရှားခဲ့ပုံ၊ တက္ကသိုလ် နယ်မြေတွင် အတွေးအခေါ် အယူအဆ ရည်ရွယ်ချက် လုပ်ငန်းစဉ်ရှိသော အဖွဲ့အစည်း ၂၁ ဖွဲ့နှင့် အခြားအသင်းအဖွဲ့ ၉၅ ဖွဲ့ကို ဖွဲ့စည်းထားပုံ၊ ၁၉၄၉ ခုနှစ် ကျောင်းသားသပိတ်၊ ၁၉၅၃ ခုနှစ် အောက်တိုဘာ အုံကြွမှု၊ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရဆန့်ကျင်မှုများသည် ကျောင်းသားလှုပ်ရှားမှုမဟုတ်ဘဲ မြေပေါ်, မြေအောက် အတိုက်အခံပါတီများ၏ သြဇာခံ တိုးတက်နှင့် တပ်ဦးတို့၏ အာဏာဖီဆန်မှုနှင့် ဆူပူအုံကြွမှုများသာဖြစ်ပုံ၊ ဖဆပလအစိုးရသည် ဥပဒေချိုးဖောက်၍ ဆူပူသောင်းကျန်းသော ကျောင်းသားများကို အရေးယူပြီး ပညာရေးအဆင့်အတန်း တိုးတက်မြင့်မားလာရေးအတွက် ကော်မတီများဖွဲ့၍ နည်းလမ်းရှာပုံ၊ ပြည်တော်သာစီမံကိန်းရေးဆွဲ၍ ဆရာမိဘများ၏ သက်သာချောင်ချိရေးနှင့် ပညာသင်ကြားမှုဆိုင်ရာ အင်အားစုများ တိုးတက်များပြားလာစေရန် ဆောင်ရွက်ပေးပုံ၊ ဆူပူမှုကို မစွန့်လွှတ်နိုင်ကြသော ကျောင်းသားများအား ပြတ်ပြတ်သားသား အရေးယူခဲ့ပုံ၊ နိုင်ငံရေးပါတီ သြဇာခံ ကျောင်းသားအဖွဲ့အစည်းအချင်းချင်း ယှဉ်ပြိုင်ရာမှ စင်ပြိုင် ဗကသများ တည်ထောင်လာကြပုံ၊ နောက်ဆုံးတွင် ပညာရေးဝန်ကြီးဌာနအမိန့်ဖြင့် အစိုးရကျောင်းများတွင် သမဂ္ဂများ ဖျက်သိမ်းခြင်း ခံခဲ့ရပုံ အပါအဝင် တကသနှင့် ဗကသတို့၏ သမိုင်းကြောင်းနှင့် ဖြစ်စဉ်များကို ဤစာအုပ်တွင် အသေးစိတ် လေ့လာကြရမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|