|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: T. Lobsang Rampa ရေးသားသည့် The Third Eye စာအုပ်ကို ဆရာကြီးဒေါက်တာသန်းထွန်းက ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ အကြောင်းအရာမှာ တိဗက် လာမားဘုန်းတော်ကြီးတစ်ပါးဖြစ်သူ လော့ဗ်ဆန်ရမ်ပါ၏ ကိုယ်ရေးရာဇဝင်ဖြစ်သည်။ သူသည် ချုံကင်းတက္ကသိုလ်မှ ဆေးဆရာဝန် ဒီဂရီလက်မှတ်ရရှိထားသူဖြစ်ပြီး လူသာမန်ထက် အံ့သြလောက်အောင်ပိုသည့် အသိဉာဏ် ဗဟုသုတရှိသည်ဟုဆိုသည်။ လူတစ်ဦးကို ကြည့်လိုက်ရုံမျှဖြင့် လူလိမ်လား, လူကောင်းလား, ရောဂါသည်လားဟု ခွဲခြားနိုင်သည့် အမြင်ပေါက် တတိယမျက်လုံးရှိသူဟု သူ့ကို သတ်မှတ်ကြသည်။ ယခုစာအုပ်တွင် သူ၏ ဘဝဖြစ်စဉ်နှင့်အတူ လာမားဘုန်းတော်ကြီးများ၏ စိတ်တန်ခိုးနှင့် ကျင့်စဉ်များကို အသေးစိတ် မှတ်တမ်းတင် ဖော်ပြပေးထားသည်။ ထုတ်ဝေသူကလည်း “ ... တစ်ခြားတိုင်းပြည်က အယူဝါဒ ထုံးစံနှင့် စစ်ရင်၊ သူပြောတာတွေထဲမှာ ငြင်းစရာတွေ ပါမယ်၊ ဒါပေမယ့် နက်နဲတဲ့ ပညာသဘောကို ခဏဖယ်ထားပါ။ တိဗက်မှာ ကလေးငယ်တစ်ယောက်ကို ဘယ်လိုကြီးပြင်းအောင် ကျွေးမွေးပြီး ဘယ်ပညာမျိုး ပေးတယ်ဆိုတာကိုတော့ ကောင်းကောင်းသိရလို့ ဒီစာအုပ်ဟာ ဖတ်သင့်တာပဲဆိုပြီး ပုံနှိပ်တာပါ။ ... ”ဟု အမှာစာတွင် ဆိုထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|