|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ၈၈ အရေးအခင်းအချိန်က တက်ကြွစွာ ပါဝင်ခဲ့သလို စစ်တပ်မှ အာဏာသိမ်းပြီးနောက်နေ့၌ စစ်အစိုးရ ဆန့်ကျင်ရေးဆန္ဒပြပွဲကို စခန်းချရာ ဆေးရုံကြီးမှ မြို့တော်ခန်းမအထိ ဦးဆောင်ဆန္ဒပြခဲ့သူ၊ နောက်မကြာခင် မြို့ထဲ၌ ရှိစဉ် တပ်မ ၃၃ မှ စစ်ကားများဖြင့် ပိတ်ဆို့ဖမ်းဆီးခြင်းကို ခံခဲ့ရသူ၊ ထို့နောက် ပုဒ်မ ၁ဝ (က) ဖြင့် အရေးယူခြင်း ခံခဲ့ရသူ လူရွှင်တော် ဇာဂနာက သူ၏ ပထမဦးဆုံး ထောင်တွင်းအတွေ့အကြုံများကို ပြန်လည်ဖောက်သည်ချ ရင်ဖွင့်ထားခြင်းဖြစ်သည်။ သူနှင့် အတူ သရုပ်ဆောင် ဇင်ဝိုင်း၊ ဇာတ်မင်းသား မိုးဝင်း၊ ကိုညီဝင်းစိန်၊ ဒါရိုက်တာ ဦးအောင်မြင့်မြတ်၊ စပယ်ဦး ဦးတင်ဦးတို့ပါ တစ်ချိန်တည်း အဖမ်းခံခဲ့ရရာ ထိုသူများနှင့် တစ်ဆောင်တည်း အင်းစိန်ထောင်တွင်းတွင် အကျဉ်းချထားခြင်း ခံခဲ့ရသည်။ ထောင်အတွေ့အကြုံများသာမက စစ်ထောက်လှမ်းများ၏ မည်မျှ ရက်စက်နှိပ်စက်ကြပုံ၊ ထောင်ဝန်ထမ်းများအကြောင်း၊ ထောင်တွင်း အစားအသောက်နှင့် နေထိုင်ရမှု မည်မျှ နိမ့်ကျပုံ၊ သူနှင့် ထောင်ကျဖက်များဖြစ်ကြသည့် ဇင်ဝိုင်း၊ မိုးဝင်း၊ ဦးအောင်မြင့်မြတ်၊ စပယ်ဦး ဦးတင်ဦးတို့၏ ထောင်တွင်းဘဝဖြတ်သန်းမှုတို့ကိုပါ စိတ်ဝင်စားဖွယ် ရေးသားထားသည်။ ဇာဂနာသည် ဤစာမူကို ၁၉၈၉ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့ ထောင်မှ လွတ်ပြီး ၂ ရက်အကြာတွင် စာဖြင့် မှတ်တမ်းတင်ချရေးထားခြင်းဖြစ်ပြီး ထိုစဉ်က လုံခြုံရေးအခြေအနေအရ စာမူမှာ လန်ဒန်သို့ သံရုံးမှတဆင့် ပို့ထားခဲ့ရသည်။ ယခုမှ ၎င်းစာမူကို စာအုပ်အဖြစ် ရိုက်နှိပ်လိုက်ခြင်းဖြစ်သည်။ သူကလည်း “ ... ကျော်လွှားပြီးမှသာ ရယ်စရာ ပြောနိုင်ခဲ့သော်လည်း ဖြတ်သန်းစဉ်မှာ ခက်ခဲလှပါသည်။ သေချာသည်ကတော့ တကယ့်အဖြစ်အပျက်များသည် မေ့ပစ်လိုက်မဟုတ်ပါချေ ... ”ဟု စာအုပ် နိဂုံးတွင် ဆိုထားသည်။ ဖမ်းဆီးခံရပြီး စစ်ကြောရေးဌာနရောက်သွားစဉ်က သူ၏ ပထမဆုံးအတွေ့အကြုံကို စာအုပ်အစပိုင်းတွင် စိတ်ဝင်စားဖွယ် ရေးသားမှတ်တမ်းတင်ထားရာ ၎င်းကို ဖော်ပြလိုက်ပါသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|