|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- နှင်းရိပ်ပြာမှောင်
-
-
Author(s):
မောင်ရှင်စော
- Type: Myanmar Books
-
Category:
ဝတ္ထုရှည်
- No of Pages: 170
- Binding: Paperback
- Publication Month Year: Dec-2012
- Size: 13 cm x 21 cm
|
- Description: ၈၈ အရေးအခင်း အစပိုင်းကာလ စက်မှုတက္ကသိုလ် ကျောင်းသားလှုပ်ရှားမှုများတွင် ထဲထဲဝင်ဝင် ရှေ့တန်းက ပါဝင်ခဲ့သူ စာရေးသူက သူကိုယ်တိုင် ပါဝင်ခဲ့သည့် ၈ လေးလုံး ပြည်သူ့အရေးတော်ပုံကို နောက်ခံထားကာ ဝတ္ထုအဖြစ် ရေးဖွဲ့ထားခြင်း ဖြစ်သည်။ ၈၈ အရေးအခင်းတွင် သူနှင့်အတူပါဝင်ခဲ့ကြသူများက အမှာစာရေးပေးထားကြရာ၌ ဇော်ဝင်းကိုက “ ... စာရေးသူဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ ကနဦးကာလ (အာဇာနည် ဖုန်းမော်အရေးအခင်း)တွေကို ဖော်ကြူးရာမှာ ကိုယ်တိုင်အတွေ့အကြုံတွေကို ရေးပြတယ်လို့ ခံစားမိပါတယ်။ ... ” ဟုလည်းကောင်း၊ ညိုထွန်းက “ ... မောင်ရှင်စော၏ အရေးအသားနှင့် ခံစားချက်များသည် ရိုးသားခြင်းကို ထွင်းဖောက်မြင်နေရ၏။ လျှပ်ပေါ်လော်လီပြီး ကူလီကူမာ မပါ။ ဟန်ဆောင်ခံစားခြင်းမရှိ။ ပကတိပုံရိပ်များ ... ” ဟုလည်းကောင်း၊ ဗကသများအဖွဲ့ချုပ်မှ ကျော်ကိုကိုက “ ... နှင်းရိပ်ပြာမောင်ကို ဖတ်ရသည်မှာ ကျွန်တော်တို့ ငယ်ဘဝမှ ယခုအရွယ်ရောက်ပြီးချိန်အထိကာလကို တစ်ကွက်ချင်း တစ်ချပ်ချင်း ခင်းကျင်းပြသထားသော ဓာတ်ပုံပြပွဲ၊ ပန်းချီပြပွဲများ ကြည့်ရသလိုပင် ဖြစ်သည်။ ... ”ဟူ၍လည်းကောင်း အမွှမ်းတင်ရေးသား ညွှန်းဆိုထားကြသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|