|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: စင်ကာပူနိုင်ငံတွင် အခြေချနေထိုင်လျက်ပြီး ဝါသနာအလျှောက် ရွှေမြန်မာမဂ္ဂဇင်းကို ထုတ်ဝေခဲ့သူ စာရေးသူက သူ၏ ဘဝဖြတ်သန်းမှု အတွေ့အကြုံများကို ၎င်းမဂ္ဂဇင်းတွင် အခန်းဆက်ရေးသားခဲ့ရာ ၎င်းတို့ကိုစုစည်း၍ စာအုပ်အဖြစ် ထုတ်ဝေလိုက်ခြင်းဖြစ်သည်။ ရန်ကုန်တက္ကသိုလ်မှ မဟာဘွဲ့ရပြီးနောက်၊ ဂျပန်နိုင်ငံမှ ဘူမိဗေဒဆိုင်ရာ ပါရဂူဘွဲ့ ရယူခဲ့သူ စာရေးသူက ဤစာအုပ်တွင် သူ ရန်ကုန်တက္ကသိုလ် ကျောင်းသားဘဝမှ စ,တင်ကာ ကျောင်းဆရာဘဝအတွေ့အကြုံများ၊ ဂျပန်ပညာတော်သင်ဘဝ အတွေ့အကြုံများ၊ ရေခြားမြေခြား စင်ကာပူ၌ အလုပ်လုပ်ကိုင်ခဲ့သည့် အတွေ့အကြုံများကို ပွင့်ပွင့်လင်းလင်း ဖွင့်ချရေးသားထားသည်။ စာရေးသူက “ ... ကျွန်တော့်ဘဝကို အခုလို ၆၅ နှစ်အရွယ်လွန်မှာ ပြန်ဆန်းစစ်ကြည့်လိုက်တော့ ဖြတ်သန်းရင်ဆိုင်ခဲ့ရတဲ့ ဘဝတွေ၊ လုပ်ကိုင်ဆောင်ရွက်ခဲ့တာတွေ၊ ပြဿနာမျိုးစုံ ရှင်းခဲ့ရတာတွေ၊ တော်တော်ခွကျခဲ့တာတွေက အတော့်ကို စုံခဲ့တာကလား။ အသက်အရွယ်နဲ့ အတွေ့အကြုံအရ မှားခဲ့တာတွေ ရှိသလို၊ အခုထိ မှန်တယ်လို့ ခံယူထားတာတွေလည်း ရှိခဲ့တယ်။ ကျနော်နဲ့ အခုဆိုရင် နှစ်ပေါင်း ၄ဝ နီးပါး ပေါင်းသင်းနေထိုင်လာခဲ့တဲ့ မဟေသီကို တစ်ခါ တစ်ခါ တိုက်ဆိုင်လာလို့ အရင်ကအကြောင်းတွေကို ပြန်ပြောမိတယ်ဆိုရင် ဦးခင်မောင်လတ် ... ရှင်ဟာ တော်တော်စုံတာပဲနော်လို့ အမြဲပြောတတ်တယ်။ အဲဒီလို အစုံတွေ့ခဲ့၊ ရင်ဆိုင်ခဲ့၊ လုပ်ကိုင်ခဲ့ရတွေကို ဘယ်တော့မှ ဒူးမထောက်၊ လက်မမြှောက်ခဲ့တာတွေကိုလည်း သတိထားခဲ့မိပါရဲ့။ အဲဒါလေးတွေကို ကျနော့်သားသမီးတွေအပါအဝင် လူငယ်တွေ သိစေချင်တယ်။ ဖတ်စေချင်တယ် ... ”ဟု စာအုပ်ပါအကြောင်းအရာများအကြောင်းနှင့် သူဘာကြောင့် ရေးဖြစ်ခဲ့သည်ကို အမှာစာတွင် ဖော်ညွှန်းရေးသားထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|