|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: Wagari Muta Maathai ရေးသားသည့် The Challenge for Africa စာအုပ်ကို သစ်တောတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာစန်းဝင်းက ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ အဖိုးတန် သယံဇာတတို့ ပေါကြွယ်ဝသော၊ အလွန်နက်ရှိုင်းသော သစ်တောသစ်ပင်ကြီးများနှင့် ဖုံးလွှမ်းနေသော၊ ရေချိုရေကောင်း ပေါကြွယ်ဝသည့် ကမ္ဘာ့အံ့ဖွယ် မြစ်ကြီးများ စီးဆင်းနေသော၊ သဘာဝမျိုးကွဲဇီဝမျိုးစုံ ရှင်သန်ပေါက်ဖွားနေသော၊ အသားအရောင်တူသော်လည်း လူမျိုးပေါင်းစုံ ကွဲပြားနေသော၊ ခေတ်အဆက်ဆက်၌ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံများ၏ ချယ်လှယ်လွှမ်းမိုးခြင်း ခံခဲ့ရသော၊ အချိန်မီ ပြူပြင်ပြောင်းလဲခြင်းများစွာ လုပ်ဆောင်လျက်ရှိသည့် အာဖရိကတိုက်ကြီးအကြောင်းကို မျက်မှောက်ခေတ် သူတို့ကြုံတွေ့နေရသည် တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းအကြောင်းအရာများနှင့်အတူ ဤစာအုပ်တွင် စိတ်ဝင်စားဖွယ် ဖတ်ရှုကြရမည်ဖြစ်သည်။ စာအုပ်ကို အပိုင်း ၅ ပိုင်း ခွဲခြားထားသည်။ လက်ရှိကြုံတွေ့နေရသည့် စိန်ခေါ်မှုများ၏ နောက်ခံသမိုင်း၊ ယဉ်ကျေးမှုနှင့် အခြေအနေများကို အခန်း ၁ နှင့် ၂ တွင်လည်းကောင်း၊ ၎င်းစိန်ခေါ်မှုများ၏ အတိုင်းအတာ ပမာဏ၊ နိုင်ငံတကာနှင့် ဆက်နွယ်မှု၊ စီးပွားရေးနှင့် နိုင်ငံရေးကိစ္စရပ်များကို အခန်း ၃နှင့် ၅ တွင်လည်းကောင်း၊ အခြေခံကျကျ အထက်တန်းခေါင်းဆောင်မှုနှင့် ကောင်းမွန်းသည့် အုပ်ချုပ်မှု ဖြစ်ပေါ်ရေးတို့ကို အခန်း ၆ နှင့် ၇ တို့တွင်လည်းကောင်း၊ ခေတ်သစ်အာဖရိက ထူထောင်ရာ၌ နိုင်ငံနှင့် လူမျိုးစုတို့အကြား ရှုပ်ထွေးနက်နဲသော ပြဿနာရပ်များကို အခန်း ၈, ၉ နှင့် ၁ဝ တို့တွင်လည်းကောင်း၊ အာဖရိကတိုက်၏ ဖွံ့ဖြိုးတိုက်မှုဆိုင်ရာ စိန်ခေါ်မှုများနှင့် ယင်းတို့ကို ဖြေရှကင်းရာတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး၏ အရေးပါပုံကို အခန်း ၁၁ မှ ၁၃ ထိတွင်လည်းကောင်း၊ နောက်ဆုံးအပိုင်းတွင် အာဖရိကတိုက်သားတစ်ဦးချစ်စီ၏ ဒေသတွင်း၌သာမက ဒေသပြင်ပမှာပါ ဖြစ်ပေါ်လာနိုင်သည့် စိန်ခေါ်မှုများကိုလည်းကောင်း အသေးစိတ် ရေးသားရှင်းလင်းထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|