|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- သူလိုမိန်းမသား ရှားမှ ရှား
-
-
Author(s):
ဦးသုနန္ဒ (မိုးကုတ်)
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 171
- Binding: Paperback
- Publication Month Year: Oct-2006
- Size: 10 cm x 16 cm
|
- Description: ၈ တန်းကျောင်းသူအရွယ်နှင့် မမျှအောင်ပင် ကျောင်းစာနှင့် ဘက်စုံထူးချွန်သော စံပြကျောင်းသူတစ်ယောက် ဖြစ်ရုံသာမက မိုးကုတ်ဝိပဿနာ အလုပ်ပေးစခန်းသို့ ၃ နှစ်ဆက်တိုက် ဝင်ရောက် တရားအားထုတ်ခဲ့သူ မနန်းထက်ထက်အောင်ကို အကြောင်းပြု၍ ဟောကြားထားသော တရားတော်ဖြစ်သည်။ သူမသည် ဖခင်ဖြစ်သူကို ခရစ်ယာန်ဘာသာမှ ဗုဒ္ဓဘာာသာဝင်ဖြစ်လာအောင်လည်း စည်းရုံးနိုင်ခဲ့သည်။ သို့သော် ၃ နှစ်ကျော် ၄ နှစ်ခန့် ဝိပဿနာတရား ပွားများအားထုတ်ပြီးချိန်၌ ရုတ်တရက်ပြင်းထန်သော ရောဂါဝေဒနာ စွဲကပ်လာပြီး ကွယ်လွန်ခဲ့သည်။ မကွယ်လွန်ခင်တွင် မိုးကုတ်တရားတော်များကို တစ်ညလုံးနာယူရှုမှတ်ရင်း ဘဝနိဂုံးချုပ်ခဲ့သည်။ ထိုဝိပဿနာအကျိုးကြောင့် ကွယ်လွန်ပြီးချိန်၌ ခန္ဓာကိုယ်မှာ ပျော့ပြောင်းလျက်ရှိသလို ၃ ရက်တိုင်တိုင် အသားအရည်များ မပျက်စီး မပုပ်သိုးဘဲ ထူးထူးခြားခြား မူလပကတိအတိုင်း ရှိခဲ့သည်။ သူမ၏ ၈ လပြည့် အထိမ်းအမှတ်အဖြစ် သံဃာတော်များအား ဆွမ်းဒါနအလှူပြုလုပ်ခဲ့ရာ ယခုတရားတော်သည် ထိုအလှူတွင် စာရေးသူဆရာတော် ဟောကြားခဲ့သည့်တရားကို စာအုပ်အဖြစ် ထုတ်ဝေထားခြင်း ဖြစ်သည်။ စူဠဝေဒဏ္ဍသုတ်၊ ဝိသာခနှင့် ဓမ္မဒိန္နာ အပါအဝင် နိကာယ်ဝင် ဓမ္မပဒပါဠိတော်ကို အခြေခံ၍ မနန်းထက်ထက်အောင်ကို ရည်စူးကာ အားကျဖွယ် ဟောကြားထားသည်ကို တွေ့ရသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|