|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဒါလီယံရေကြောင်းတက္ကသိုလ် အငြိမ်းစား အပြည်ပြည်ဆိုင်ရာ ရေကြောင်းဥပဒေပါမောက္ခ ဦးကျော်ညွန့် ပြုစုသည့် ဤစာအုပ်တွင် တရုတ်နိုင်ငံ၏ သမိုင်း၊ လူမှုရေး၊ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေး၊ သိပ္ပံနှင့် နည်းပညာ၊ ပထဝီဝင် ကဏ္ဍအပါအဝင် တရုတ်နိုင်ငံ၏ မျက်နှာစာအသီးသီးကို စုံလင်စွာ သုတေသနပြုတင်ပြထားသည်။ ၁၉၇၉ ခုနှစ်တွင် စီးပွားရေးတံခါးဖွင့်ခဲ့ပြီး ၂ဝဝ၅ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံ ဖြစ်လာသောနိုင်ငံ၊ ကိုယ့်အားကိုယ်ကိုး၍ အနုမြူဗုံး ထုတ်လုပ်နိုင်ခဲ့ပြီး အနောက်နိုင်ငံ၏ ဂြိုလ်တုများကို အာကာသအတွင်းသို့ လွှတ်တင်ပေးနေသော စက်မှုနိုင်ငံဖြစ်လာသော နိုင်ငံ၊ ကမ္ဘာ့စိုက်ပျိုးနိုင်သည့် မြေဧရိယာ၏ ခုနှစ်ပုံ တစ်ပုံကိုသာ ပိုင်ဆိုင်သော်လည်း ကမ္ဘာ့လူဦးရေလေးပုံတစ်ပုံကိုဝလင်အောင် ကျွေးနိုင်သည့်နိုင်ငံ၊ နှစ်ပေါင်း နှစ်ထောင်ကျော်ကတည်းက ယဉ်ကျေးမှု ထွန်းကားခဲ့သော ရှေးဟောင်းနိုင်ငံတော်ကြီး၊ ၂ဝဝ၄ ခုနှစ်တွင် အာကာသယာဉ်မှူးတစ်ဦးကို ကမ္ဘာပတ်လမ်းကြောင်းထဲ ပထမဦးဆုံး လွှတ်တင်ပေးနိုင်သည့် ပထမဆုံးသော အာရှနိုင်ငံ၊ မကြာမီ (၅)နှစ်ကာလအတွင်း လပေါ်တွင် လူဆင်းရန် ကြိုးပမ်းနေပြီ ဖြစ်သည့် နိုင်ငံတစ်ခုဖြစ်လာခဲ့သော တရုတ်ပြည်သူ့သမ္မတနိုင်ငံအကြောင်းကို သမိုင်းအချက်အလက် စုံစုံလင်လင်ဖြင့် ပြည့်စုံစွာ တင်ပြထားသည်။ ဤစာအုပ်မှ တဆင့် တရုတ်နိုင်ငံနှင့် ပတ်သက်၍ သိသင့်သိထိုက်သော၊ အရေးကြီးပြီး အတုယူစရာကောင်းသော အချက်များကို စုဆောင်းရှာဖွေကာ မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် နမူနာကောင်းများ ရယူနိုင်ကြမည် ဖြစ်သည်။ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်လာပုံအကြောင်းနှင့် ပတ်သက်၍ သုတေသီပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ အထောက်အကူပြုစေရန် အချက်အလက်များစွာဖြင့် အပြည့်စုံဆုံး ပြုစုတင်ပြထားသည့် စာအုပ်ကောင်း တစ်အုပ်လည်း ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|