|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ၇၄ - ၇၅ - ၇၆ မ.ဆ.လ အာဏာရှင်ဆန့်ကျင်ရေး အံ့တုလှုပ်ရှားမှုများ
-
-
Author(s):
၇၄ - ၇၅ - ၇၆ နိုင်ငံရေးအင်အားစု
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 398
- Binding: Paperback
- Publication Month Year: Jun-2013
- Size: 13 cm x 21 cm
|
- Description: ၁၉၇၄ ခုနှစ် မေ - ဇွန် အလုပ်သမားအရေးအခင်းသည် မ.ဆ.လ စစ်အာဏာရှင်ခေတ်က မြန်မာပြည်အနှံ့အပြားရှိ စက်ရုံ၊ အလုပ်ရုံ အားလုံးနီးပါးပါဝင်သည့် အလုပ်သမားထုကြီးက စစ်အာဏာရှင်များကို အံတုပြီး မိမိတို့ ရသင့်ရထိုက်သည့် အခြေခံအခွင့်အရေးများကို တောင်းဆိုဆန္ဒပြ တိုက်ပွဲဝင်ခဲ့ကြသည့် အရေးအခင်းကြီးဖြစ်သည်။ သို့သော် “တောင်းတော့ ဆီ, ဆန်၊ ပေးတော့ ကျည်ဆန်”ဆိုသကဲ့သို့ အလုပ်သမားထုကြီးသည် စစ်အာဏာရှင်များ၏ လက်နက်အားကိုး အကြမ်းဖက်နှိပ်ကွပ်ခြင်းကို ခံခဲ့ရသည်။ အလုပ်သမားသပိတ်ကြီး အလုပ်သမား အရေးအခင်းကြီး ဖြိုခွဲခြင်းခံလိုက်ရသဖြင့် အလုပ်သမားများနှင့် ပြည်သူလူထုဘက်တွင် ရင်းနှီးပေးဆပ်လိုက်ရသော်လည်း စစ်အာဏာရှင်များအပေါ် မကျေနပ်မှုများ၊ မလိုလားမှုများ၊ ခံပြင်းမှုများ နက်နက်ရှိုင်းရှိုင်းပေါ်ပေါက်လာခဲ့ပြီး ရလာဒ်အဖြစ် ၁၉၇၄ ဦးသန့်အရေးအခင်း၊ ၁၉၇၅ ဇွန်လ အလုပ်သမား သပိတ်နှစ်ပတ်လည်အရေးအခင်း (ခေါ်) ရွှေတိဂုံအရေးအခင်း၊ ၁၉၇၆ မတ်လ မှိုင်းရာပြည့်အရေးအခင်းများ ဆက်တိုက်ပေါ်ပေါက်လာခဲ့သည်။ ယခုစာအုပ်သည် ထိုအရေးအခင်းများအကြောင်းကို အသေးစိတ် မှတ်တမ်းတင်ရေးသားထားခြင်း ဖြစ်သည်။ ထို့ပြင် ၇၄ - ၇၅ - ၇၆ နိုင်ငံရေးအင်အားစုများ၏ ထောင်တွင်းဖြတ်သန်းမှုအတွေ့အကြုံများ၊ သူတို့၏ နိုင်ငံရေးလှုပ်ရှားမှုနှင့် ဆက်နွယ်သည့် အခြားသော အထွေထွေနိုင်ငံရေးလှုပ်ရှားမှုများနှင့် အတွေးအမြင်များကိုပါ ကဏ္ဍအလိုက်ခွဲ၍ ဖော်ပြပေးထားသည်။ ထိုသို့ဖော်ပြရာတွင် ကိုယ်တိုင်ကြုံတွေ့ဖြတ်သန်းခဲ့ရသူများ၏ အတွေ့အကြုံများသာမက ထိုခေတ်သတင်းစာများ၏ ရေးသားဖော်ပြချက်များကိုပါ ယှဉ်တွဲဖော်ပြပေးထားသည်ကို တွေ့ရသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|