|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- မြန်မာနိုင်ငံ၏ ၁၉၈၈ ခုနှစ် အရေးအခင်း (အတွဲ ၁)
-
-
Author(s):
ဒေါက်တာမောင်မောင်
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 364
- Binding: Paperback
- Publication Month Year: Jun-2013
- Size: 15 cm x 21 cm
|
- Description: ပညာဉာဏ်ထက်မြက်ခြင်း၊ မေတ္တာစေတနာ ထားတတ်ခြင်းတို့အပြင် အကျင့်သီလကောင်းမွန်စွာဖြင့် ပေးအပ်သည့်တာဝန်များကို ဦးလည်မသုန် ထမ်းရွက်ခြင်းတို့ကြောင့် လူသိများသူ နိုင်ငံတော် သမ္မတဟောင်း ဒေါက်တာမောင်မောင်က သူသမ္မတဖြစ်ခဲ့ချိန် ကိုင်တွယ်ခဲ့ရသည့် ၈၈ အရေးအခင်းအကြောင်းနှင့် ၎င်းအရေးအခင်းအကြောင်း လေ့လာသုံးသပ်ချက်များကို အသေးစိတ် ရေးသားမှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ ဒေါက်တာမောင်မောင်သည် တိုင်းပြည်ပျက်လုမတတ်သော အချိန်ကာလအတွင်း တစ်ပါတီစနစ်ကို အပြီးသတ်စေဖို့ မလွှဲသာ မရှောင်သာ မငြင်းမပယ်သာဖြင့် တိုင်းပြည်၏ မျက်နှာကို ငဲ့ညှာပြီး နိုင်ငံတော်၏ အမြင့်ဆုံးသော သမ္မတရာထူးကို လက်ခဲ့သော်လည်း ထိုသမ္မတသက်တမ်းသည် တစ်ခဏသာခံမည်ဖြစ်ကြောင်း ၎င်းအချိန်ကတည်းက သိခဲ့သည်ဟုဆိုသည်။ သူထင်သည့်အတိုင်းပင် သမ္မတရာထူးကို ၃၁ ရက်ကြာသာ တာဝန်ထမ်းဆောင်ခဲ့ရရာ ထိုကာလအတွင်း ပြည်သူများကို ငါးကြိမ်တိုင်တိုင် တောင်းပန်ဝန်ချခဲ့သလို လွှတ်တော်ကိုလည်း ဖျက်သိမ်းပေးခဲ့သည်။ ယခုစာအုပ်တွင် လွတ်လပ်ရေး ရပြီးချိန်မှ စတင်ကာ ၈၈ အရေးအခင်းမဖြစ်မီကာလအထိ မြန်မာနိုင်ငံ၏ နိုင်ငံရေးသမိုင်းကြောင်း၊ ၈၈ အရေးအခင်းကာလအတွင်း ပြန်လည်၍ ဇာတ်ကြောင်းလှန်လျက် ငြင်းခုံဖွယ်ရာ ဖြစ်နေသည့် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို မိုင်းခွဲခဲ့သည့် ဖြစ်စဉ်အကြောင်းအသေးစိတ်၊ သူထိတွေ့ဆက်ဆံခဲ့ရသည့် ဗိုလ်ချုပ်နေဝင်းအပါအဝင် တော်လှန်ရေးကောင်စီဝင်များအကြောင်း၊ ဥပဒေပညာရှင်အဖြစ် သူသည် အဆင့်မြင့် တိုင်းပြည်တာဝန်များကို ထမ်းဆောင်ခဲ့စဉ်က အတွေ့အကြုံများ၊ ၈၈ အရေးအခင်းဖြစ်ရခြင်း၏ အကြောင်းရင်း၊ အရေးအခင်းကာလ အရေးကြီးသည့် နိုင်ငံရေး ဖြစ်စဉ်များ၊ အရေးအခင်းကာလအတွင်း ဆန္ဒပြသူများအပေါ် စစ်တပ်၏ ကိုင်တွယ်မှု၊ အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ, အတိုက်အခံများ၏ နိုင်ငံရေးလှုပ်ရှားမှုများကို အထောက်အထား အကိုးအကားပြည့်ပြည့်စုံစုံဖြင့် ရေးသားမှတ်တမ်းတင်ထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|