|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ဂျော့ချ်အော်ဝဲရဲ့ မြန်မာပြည် လက်စလက်နများကို ခြေရာခံခြင်း
-
-
Author(s):
ကိုနေ (မန်း)
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 266
- Binding: Paperback
- Publication Month Year: Aug-2013
- Size: 13 cm x 21 cm
|
- Description: ၂ဝ ရာစု၏ အလေးစားခံရဆုံးနှင့် အမြော်အမြင်အကြီးဆုံး ခေတ်ရှေ့ဆောင်တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံရသည့် ဂျော့ချ်အော်ဝဲ (George Orwell)ကိုယ်တိုင် မြန်မာပြည်အကြောင်း မှတ်တမ်းတင် ရေးသားခဲ့သည် စာပေလက်ရာများအကြောင်းကို အမေရိကန်သူ စာရေးဆရာမ Emma Larkin က “Finding George Orwell in Burma”ဟူသော စာအုပ်ဖြင့် ရေးသားတင်ပြခဲ့ရာ ယခုစာအုပ်သည် Emma Larkin၏ စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ အော်ဝဲသည် ၁၉၂ဝ ခုနှစ်များက မြန်မာပြည်၌ ဗြိတိသျှအင်ပါယာ ပုလိပ်တပ်ဖွဲ့အရာရှိအဖြစ် နေထိုင်ခဲ့သူဖြစ်သည်။ သူသည် မြန်မာပြည်ကို ချစ်ခင်သူတစ်ယောက် ဖြစ်လာခဲ့ပြီး မြန်မာဘာသာစကားကို ဘုန်းတော်ကြီးများနှင့် အချီအချပြောနိုင်သည်အထိ ကျွမ်းကျင်စွာ ပြောဆိုနိုင်ခဲ့သည်။ ထို့ပြင် ရှေးမြန်မာလူမျိုးများ ထိုးလေ့ရှိသည့် ထိုးကွင်းဆေးမင်များကို ထိုးခဲ့သည်အထိ မြန်မာပြည်သားများနှင့် တစ်သားတည်း ကျခဲ့သည်။ သူသည် သူတာဝန်ကျရာ မန္တလေး၊ မြစ်ဝကျွန်းပေါ်၊ ရန်ကုန်၊ မော်လမြိုင်၊ ကသာမြို့များ၌ နေထိုင်ခဲ့စဉ်က ရရှိခဲ့သည့် အတွေ့အကြုံများကို “မြန်မာပြည်နေ့ရက်များ”၊ “ကြိုးပေးခြင်း”၊ “ဆင်ပစ်ခြင်း” အစရှိသည့် စာအုပ်များ ရေးသားခြင်းဖြင့် ကမ္ဘာကျော်ခဲ့သည်။ ဤစာအုပ်၏ မူရင်းစာရေးသူ Emma Larkinက ဂျော့ချ်အော်ဝဲ၏ မြန်မာပြည်အကြောင်း စာပေလက်ရာများကို အသေးစိတ် ဖတ်ရှုလေ့လာပြီးနောက် ဂျော့ချ်အော်ဝဲ တာဝန်ထမ်းဆောင်ခဲ့သည့် မြန်မာပြည်နေရာဒေသများကိုလည်း ကိုယ်တိုင်သွားရောက်ကာ စူးစမ်းလေ့လာခဲ့ကာ မြန်မာပြည်ရောက် ဂျော့ချ်အော်ဝဲ၏ ဘဝကို သီးခြားစာအုပ်တစ်အုပ်အဖြစ် ပြန်လည် ရေးသားထားခြင်း ဖြစ်သည်။ ကိုလိုနီခေတ် မြန်မာပြည်ရောက် ဗျူရိုကရက်တစ်ဦး၏ ဘဝနှင့် ထိုခေတ်ထိုအခါ မြန်မာပြည်၏ မြင်ကွင်းကို ဤစာအုပ်မှတဆင့် စိတ်ဝင်စားဖွယ် လေ့လာ ဖတ်ရှုကြရမည် ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|