|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးနောက်ပိုင်း ဘိက္ခုနီသာသနာပြန်လည်တည်ထောင်ရန် ကြိုးစားအားထုတ်ခြင်းကြောင့် သံဃာထု၏ သပိတ်မှောက် ကံဆောင်ခြင်း ခံခဲ့ရသူ အရှင်အာဒိစ္စဝံသ ရေးသားသည့် “ဘိက္ခုနီသာသနောပသေ”ကျမ်း၊ သံဃာတို့ သိက္ခာပုဒ်ချိုးဖောက်နေမှုများအား ပြုပြင်စေရင်းနှင့် သာသနာသန်ရှင်းတည်မြဲရေးကို ဦးတည်ခဲ့သော်လည်း သံဃာထု၏ ဒေါသလှိုင်းအောက်ရောက်ကာ ရွှေတိဂုံရင်ပြင်တွင် ဝန်ချတောင်းပန်ခဲ့ရသည့် စာရေးဆရာ သိန်းဖေမြင့်ရေးသားသည့် “တက်ဘုန်းကြီး” ဝတ္ထုစာအုပ်၊ ရာဇမင်းတို့၏ အကြောင်းကို ထိန်ချန်စွာ ပြုစုခဲ့သော “မြန်မာ့သမိုင်း”မှ ကုန်းဘောင်မင်းဆက်တို့အား မီးမောင်းထိုးပြခဲ့သော စာအုပ်ဖြစ်သည့် သမိုင်းကထိက ဆရာချစ်စိန်လွင်၏ “ကုန်းဘောင်ခေတ် ဆောင်ကြာမြိုင်မှတ်တမ်း” စာအုပ်တို့အကြောင်း ဤစာအုပ်တွင် စိတ်ဝင်စားဖွယ် ဖတ်ရှုကြရမည်ဖြစ်သည်။ ပထမအကြိမ် စာအုပ်ထုတ်ဝေခဲ့စဉ်က ဖြစ်ပေါ်ခဲ့သည့် ဂယက်နှင့် သက်ရောက်မှု၊ စာအုပ်များ၏ အကြောင်းအရာ၊ စာဖတ်သူများနှင့် စာရေးသူများ၏ အပြန်အလှန် တုံ့ပြန်ချက်များ၊ စာအုပ်ပါ အငြင်းပွားဖွယ် အကြောင်းအရာများကို ရှုထောင့်စုံမှ သုံးသပ်ရေးသားထားသည်ကို တွေ့ရသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|