|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- မြန်မာ့ပုန်ကန်မှုသမိုင်းနှင့် မြန်မာ့လွတ်လပ်ရေးကျိန်စာ
-
-
Author(s):
ဒေါက်တာအောင်ခင်
- Type: Myanmar Books
-
Category:
နိုင်ငံရေး
- No of Pages: 86
- Binding: Paperback
- Publication Month Year: Aug-2013
- Size: 13 cm x 21 cm
|
- Description: လွတ်လပ်သော အာရှအသံ (RFA) မှ စီစဉ်ထုတ်လွှင့်ခဲ့သည့် လေလှိုင်းထဲက စာအုပ်စင် အသံလွှင့်ဆောင်းပါးများ ကဏ္ဍပါ ဒေါက်တာအောင်ခင်၏ အသံလွှင့်ချက်များကို စာအုပ်အဖြစ် မှတ်တမ်းတင် ထုတ်ဝေထားခြင်း ဖြစ်သည်။ Bertil Lintner ရေးသားသည့် Burma in Revolt စာအုပ်၊ Shelby Tucker ရေးသားသည့် Burma : The Curse of independence စာအုပ်များအကြောင်းကို ကောက်နုတ်တင်ပြထားခြင်း ဖြစ်သည်။ စစ်အစိုးရလက်ထက် မြန်မာအစိုးရထုတ် စာရွက်စာတမ်းများသာမက သခင်ဗသိန်းတင်၊ ဗိုလ်ချုပ်ကျော်ဇော်၊ ဦးခင်မောင်ကြီး၊ စောဘသင်၊ တာမလာဘော၊ နိုင်ရွှေကျင်တို့ကို ကိုယ်တိုင်သွားရောက်တွေ့ဆုံကာ သူတို့၏ ပြောကြားချက်များကို မှီငြမ်း၍ Bertil Lintnerသည် မြန်မာ့ပုန်ကန်မှုသမိုင်း (Burma in Revolt) စာအုပ်ကို ရေးသားထားခြင်း ဖြစ်သည်။ မြန်မာကွန်မြူနစ်နှင့် တိုင်းရင်းသားလူမျိုးစုများ၏ သမိုင်းနောက်ခံ၊ လက်နက်ကိုင်တော်လှန်ရေး စတင်ပုံ၊ တရုတ်ဖြူကျူးကျော်မှု အရေးအခင်း၊ ဗိုလ်ချုပ်နေဝင်းလက်ထက် ဘိန်းကုန်ကူးမှု မည်သို့ကြီးထွားလာပုံ၊ ၈၈ အရေးအခင်းအကြောင်း၊ ရွေးကောက်ပွဲအလွန် မြန်မာနိုင်ငံရေးသုံးသပ်ချက်များကို Bertil Lintnerက စာအုပ်တွင် အသေးစိတ် သုံးသပ်ဆွေးနွေးထားသည်။ Shelby Tucker ကမူ မြန်မာ့လွတ်လပ်ရေးသမိုင်းကို လေ့လာဆန်းစစ်ပြီး လွတ်လပ်ရေးရပြီးခေတ် မြန်မာနိုင်ငံမှာ ကြုံတွေ့လာရသည့် ပြဿနာအရပ်ရပ်များအကြောင်း၊ အစိုးရ၏ အနှစ် ၄ဝ ဝါဒဖြန့်ချက်များနှင့် တကယ့်ဖြစ်ရပ်များ မည်သို့ ကွာခြားပုံများ၊ အစိုးရထိပ်ပိုင်းပုဂ္ဂိုလ်များ အာဏာအလွဲသုံးစားပြုမှုတို့ကို Burma : The Curse of independence စာအုပ်ဖြင့် ဝေဖန်သုံးသပ်ရေးသားထားခြင်း ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|