|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ဗိုလ်ချုပ်ကြီးဟောင်း ထောက်လှမ်းရေးညွှန်ကြားရေးမှူးဟောင်း နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်နှင့် အင်တာဗျူး
-
-
Author(s):
မြတ်ခိုင်
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 286
- Binding: Paperback
- Publication Month Year: Jan-2014
- Size: 19 cm x 25 cm
|
- Description: လျှပ်တပြက်ဂျာနယ်တွင် ပါဝင်သော ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နှင့် အယ်ဒီတာချုပ် ဦးမြတ်ခိုင်တို့၏ အင်တာဗျူးများကို စုစည်းထုတ်ဝေထားခြင်း ဖြစ်သည်။ အင်တာဗျူးများတွင် လူအများစိတ်ဝင်စားမည့် အကြောင်းအရာများစွာ ပါရှိသည်ကို တွေ့ရသည်။ ထောက်လှမ်းရေးများကို အရေးယူခြင်းကိစ္စ စိတ်ဝမ်းပြား၍ ဟုတ် /မဟုတ်၊ ABSDF (မြောက်ပိုင်း) သတ်ဖြတ်မှုကိစ္စနှင့် ထောက်လှမ်းရေး ပါဝင်ခြင်း ရှိ / မရှိ၊ ဦးနေဝင်း၊ ဦးခင်ညွန့်တို့ကို ဖမ်းဆီးစဉ်က ယခု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ ပါဝင်ခြင်း ရှိ / မရှိ၊ ထောက်လှမ်းရေးအဖွဲ့ ဖြိုခွဲခြင်း မခံရခင် ကြိုတင်သိရှိခြင်း ရှိ / မရှိ၊ ဦးခင်ညွန့် အဖမ်းခံရပုံ ဖြစ်စဉ် အသေးစိတ်၊ ဗိုလ်ချုပ်ကြီးနေဝင်းနှင့် ဦးခင်ညွန့်တို့၏ ဆက်ဆံရေး၊ ဦးနေဝင်းထံမှ သူအတုယူခဲ့သည်များ၊ ၈၈ အရေးအခင်းကာလ စစ်တပ်မှ အာဏာသိမ်းခဲ့စဉ်က ဖြစ်စဉ်အသေးစိတ်နှင့် ၎င်းဖြစ်စဉ်တွင် ဦးနေဝင်း ပါဝင်ပတ်သက်မှု ရှိ / မရှိ၊ လက်နက်နှင့် ငြိမ်းချမ်းရေး လဲနိုင်ရန်အတွက် ဘိန်းဘုရင် ခွန်ဆာနှင့် စတင်ဆွေးနွေးခဲ့သည့် အတွေ့အကြုံ၊ ထောက်လှမ်းရေးအဖွဲ့ ပြိုကွဲပြီးနောက် ထောက်လှမ်းရေးအဖွဲ့အပေါ် အပြစ်တင် ပုံချခြင်းနှင့် ပတ်သက်၍ သူ၏ ခံစားချက်၊ သူ နိုင်ငံရေးလုပ် / မလုပ်၊ မြရိပ်ညိုဖောင်ဒေးရှင်းနှင့် သူ ပါဝင်ပတ်သက်မှု၊ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် အရာရှိကြီးများ အုပ်ချုပ်မှု မွမ်းမံသင်တန်း အမှတ်စဉ် (၃/၉၃)၌ ဦးခင်ညွန့်၏ ဟောပြောပို့ချချက်နှင့် ပတ်သက်၍ သူ၏ဝန်ခံချက်၊ အကျဉ်းထောင်မျာ၌ မလွတ်မြောက်ဘဲ ကျန်ရှိနေသေးသည့် ထောက်လှမ်းရေးများနှင့် ပတ်သက်၍ သူ့သဘောထား၊ ပခုက္ကူဦးအုံးဖေ စာပေဆု ရွေးချယ်ရေးနှင့် ပတ်သက်၍ သူ့အယူအဆ၊ ယခင်စစ်အစိုးရနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုမှုများအပေါ် သူ၏ အမြင်၊ ပြန်လည်လွတ်မြောက်လာကြသည့် ဦးနေဝင်း၏ မြေးများ သူ့ထံ လာရောက်ဂါဝရပြုခြင်းနှင့် ပတ်သက်၍ သူ၏ ပြောကြားချက် အစရှိသည်တို့ကို စာအုပ်ပါ အင်တာဗျူးများတွင် စိတ်ဝင်စားဖွယ် ဖတ်ရှုကြရမည် ဖြစ်သည်။ ထုတ်ဝေသူ Quality Publishing House မှ ဦးမြင့်ထွန်းကလည်း “ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်သည် သက်ရှိသမိုင်းလူသားဖြစ်သည်။ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့် နောက်ပိုင်းတွင် လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ် ဆရာဦးမြတ်ခိုင်နှင့် ဦးခင်ညွှန့် အင်တာဗျူးများကို ခပ်စိတ်စိတ် တွေ့မြင်လာရသည်။ သူ၏ အဖြေစကားများကို သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ ... သမိုင်းတွင် ချန်လှပ်ထား၍ မရနိုင်ပေ။ ထို့ကြောင့် လေ့လာသူများ၊ စိတ်ဝင်စားသူများ အလွယ်တကူ ဖတ်ရှုကိုးကားနိုင်ရန် စုစည်းထုတ်ဝေလိုက်ပါသည်”ဟု ဆိုထားသည်။ ဦးခင်ညွှန့်၏ ဘဝဖြတ်သန်းမှုမှတ်တမ်း ဓာတ်ပုံများကိုလည်း စာအုပ်ရှေ့ပိုင်းတွင် ဖော်ပြပေးထားသည်ကို တွေ့ရသည်။ စာအုပ်တွင် ပါရှိသည့် ဦးခင်ညွန့်၏ ဥယျောဇဉ်ကို ဖော်ပြလိုက်ပါသည်။ ယခုစာအုပ်သည် ဒုတိယအကြိမ်မြောက် ဖြည့်စွက်ထုတ်ဝေထားခြင်းဖြစ်သည်။ ယခုဒုတိယအကြိမ်တွင် ပထမအကြိမ်တွင် မပါဝင်သေးသည့် ဓာတ်ပုံများ၊ ဦးခင်ညွှန့်နှင့် ထပ်မံပြုလုပ်ခဲ့သည့် အင်တာဗျူးအသစ်များ၊ တက္ကသိုလ်စိန်တင် အပါအဝင် စာနယ်ဇင်းဆရာများ၏ မှတ်ချက်ဆောင်းပါးများ၊ ဦးခင်ညွှန့် စတင်အကျယ်ချုပ် ဖမ်းဆီးခြင်း ခံခဲ့ရစဉ်ပြီး မကြာမီ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်းတို့၏ ရှင်းလင်းပြောကြားချက် အပြည့်အစုံ၊ အတွင်းရေးမှူး (၁) ရာထူးတွင် အစားထိုးခြင်း ခံခဲ့ရသည့် ဒုတိယဗိုလ်ချုပ်ကြီးသိန်းစိန်တို့၏ ရှင်းလင်းချက်အပြည့်အစုံတို့ကိုပါ ထည့်သွင်းဖော်ပြပေးထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|