|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- နည်းနည်းလေးတော့ လွဲနေတယ် (အတွဲ ၁)
-
-
Author(s):
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 111
- Binding: Paperback
- Publication Month Year: Jan-2013
- Size: 12 cm x 19 cm
|
- Description: မြန်မာဗုဒ္ဓဘာသာများအကြားတွင် ဘာသာရေးနှင့် ပတ်သက်သည့် အယူအဆ အလွဲအမှားများ လက်ခံကျင့်သုံးနေသည်ကို မြင် တွေ့ ကြားသိနေရသည့် စာရေးသူဆရာတော်က ၎င်းတို့ကို သတိပြု ပြင်ဆင်နိုင်ရန် ရည်ရွယ်၍ ဤစာအုပ်ကို ပြုစုရေးသားထားခြင်း ဖြစ်သည်။ စာအုပ်ပါ အယူမှားများသည် အပါယ်ကို တိုက်ရိုက်လားစေနိုင်သည့် အမှားများ မဟုတ်ကြသော်လည်း အမှားများလာပါက နောင်လာနောင်သားများအဖို့ အမှန်ဖြစ်လာနိုင်ပြီး အမှားလမ်းကြောင်းပေါ်သို့ လှမ်းလာနိုင်သည့်အတွက် အမှားမလွန်ခင် အမှန်သွန်သည့်အနေဖြင့် ဤစာအုပ်ကို ရေးသားထားခြင်း ဖြစ်သည်ဟုလည်း ဆရာတော်က အမှာစာတွင် မိန့်ဆိုထားသည်။ ဘုရားရှင်တောင်မှ မိခင်ကျေးဇူးကို နို့တစ်လုံးဖိုးပဲ ကျေအောင် ဆပ်နိုင်တယ်ဆိုသည့် အယူမှား၊ ဘုရားဆွမ်းတော်ကပ်ရာတွင် သတိပြုဖွယ်၊ ဆင်းတုတော်က ခိုက်, မခိုက်၊ ဆွမ်းကပ်ပြီးက ကိုင်၍ ရ, မရ၊ ၅၂၈ မေတ္တာနှင့် ၁၅ဝဝ ကိလေသာ၏ ကွာခြားချက်၊ လှုတာလား, ဂုဏ်ယူတာလား၊ ဆင်းတုတော်နှင့် နေ့သစ် နံသစ်၊ သေသူကို သရဏဂုံတင်၍ ရ, မရ၊ ရှင်ဥပဂုတ် တကယ်ရှိ, မရှိ၊ ဘုရားအနေကဇာတင်ခြင်း၏ အဓိပ္ပာယ်၊ နေလွဲစာ စားခြင်းနှင့် ပတ်သက်၍ အယူအဆမှား၊ ကုသိုလ်ကောင်းမှုကို ရက်ကောင်းရက်မြတ်မှ ပြုလုပ်သင့်သလား၊ ဘာသာရေးပွဲများတွင် နေရာယူလာသည့် အရက်၊ သက်သတ်လွတ်နှင့် ရသတဏှာ ဘယ်ဟာ ပိုအရေးကြီးသလဲ၊ ဘုရားကိုးဆူနဲ့ ဂြိုဟ်ကိုးလုံး ဆက်စပ်သလား၊ အမျိုးသမီးများ သိမ်ထဲဝင်ကောင်းသလား၊ ဝါတွင်းကာလ အိမ်ပြောင်း အိမ်ရွေ့အယူအဆ မှန်, မမှန်၊ ဝါတွင်းကာလ အိမ်ထောင်ပြုကောင်း မကောင်း၊ ပံသုကူ (ပံ့သကူ)အလှူနှင့် ထီပေါက်မှု, မပေါက်မှု၊ အရှင်ထွက်ဆိုသည်မှာ ရှိ, မရှိ၊ မောင်ရင်လောင်းနှင့် နတ်ပြခြင်းဓလေ့၊ မိမိကိုယ်ကို သတ်သေက အဖန်ငါးရာ ငါးကမ္ဘာမှာလည်း ထိုသို့ပင် သေရသလား အစရှိသည်တို့ကို အထောက်အထား အကိုးအကား အပြည့်အစုံဖြင့် ရှင်းလင်းရေးသားထားသည်။ စာရေးသူ ဆရာတော်သည် ကိုရီးယားနိုင်ငံ Guemgang Universityမှ B.A(Buddhist studies)ဘွဲ့ကိုရယူပြီးနောက် ကိုရီးယားနိုင်ငံ အောက်ပိုင်းမြို့များကို ကိုယ်စားပြုသည့် စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းကို တည်ထောင်ကာ ကိုရီးယားရောက် မြန်မာများနှင့် ကိုရီးယားလူမျိုးတို့အား တရားဓမ္မများ ဟောပြောပြလျက်ရှိသူ မြန်မာဘုန်းတော်ကြီးတစ်ပါးဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|