|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: လူမမယ်အရွယ် ညီအစ်ကို ၂ ဦးကို မိခင်လက်တွင် ထားခဲ့ကာ နောက်အိမ်ထောင်ပြုသွားသည့် ဖခင်ဖြစ်သူကြောင့် မိသားစုဘဝပြိုပျက်ခဲ့ရသည့် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်၏ ငယ်ဘဝနှင့် သူ၏ မိခင်ကြီးအကြောင်းကို စာရေးဆရာမ သန်းမြင့်အောင်က စာအုပ်အဖြစ် မှတ်တမ်းတင်ရေးသားထားခြင်း ဖြစ်သည်။ လင်စွန့်ပစ်ခံ ခိုကိုးရာမဲ့ မိန်းမသားတစ်ဦးအနေဖြင့် ဆင်းရဲဒုက္ခအမျိုးမျိုးကို ခံစားခဲ့ရသော်လည်း ဘဝကို အရှုံးမပေးဘဲ ကျရာအလုပ်ကို ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့သူ၊ သားဖြစ်သူများကို ကျောင်းလခသက်သာသည့် အစိုးရကျောင်းများ၌ မထားဘဲ သာသနာပြုကျောင်း၌ထားခဲ့သူ၊ ဘုန်းကြီးကျောင်းစာ သေစာ ရှင်စာလောက်သာတတ်သော်လည်း သားသမီးများကို အမြော်အမြင်ကြီးစွာဖြင့် ပညာအမွေပေးနိုင်ခဲ့သူ ဒေါက်တာထွန်းလွင်၏ မိခင်ဖြစ်သူအကြောင်းနှင့် သူ၏ မိဘမေတ္တာကို ဤစာအုပ်တွင် မြန်မာအမျိုးသမီးများ အတုယူအားကျဖွယ် ဖတ်ရှုရမည် ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|