|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- တက္ကစီဒရိုင်ဘာတစ်ဦး၏ နေ့စဉ်မှတ်တမ်း (စင်ကာပူနိုင်ငံ၏ ပညာအတတ်ဆုံး တက္ကစီဒရိုင်ဘာ၏ ဖြစ်ရပ်မှန် မှတ်တမ်းများ) (The Straits Times Bestseller)
-
-
Author(s):
ခင်စောတင့်
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 190
- Binding: Paperback
- Publication Month Year: Dec-2013
- Size: 13 cm x 21 cm
|
- Description: Cai Mingjie, PhD ရေးသားသည့် Diary of A Taxi Driver (True Stories from Singapore's Most Educated Cabdriver) စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ စင်ကာပူနိုင်ငံ၏ အထင်ကရ Molecular and cell biology သုတေသနတက္ကသိုလ်မှ Ph.D ဘွဲ့ရ ပါမောက္ခလည်းဖြစ်၊ Principle Investigator လည်းဖြစ်သူ Cai Mingjie သည် ၁၆ နှစ်တိုင် မြှုပ်နှံထားခဲ့ရသော လုပ်ငန်းအထွတ်အထိပ်ရောက်ချိန်၌ အလုပ်ပြုတ်ကာ အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်။သူသည် အခြားအလုပ်များ ရှာဖွေခဲ့သော်လည်း မရရှိခဲ့သည့်အဆုံးတွင် သူသည် တက္ကစီဒရိုင်ဘာအဖြစ် အသက်မွေးဝမ်းကျောင်း ပြုခဲ့ရသည်။ ယခုစာအုပ်သည် သူ၏ တက္ကစီဒရိုင်ဘာဘဝအတွေ့အကြုံများကို စိတ်ဝင်စားဖွယ် ရေးသားတင်ပြထားခြင်း ဖြစ်သည်။ တက္ကစီဒရိုင်ဘာအဖြစ် ကားမောင်းရင်း အခက်အခဲမျိုးစုံ၊ လူမျိုးစုံနှင့် ဆုံတွေ့ခဲ့ရပြီး ဒုက္ခမျိုးစုံကို ကျော်ဖြတ်ခဲ့ရပုံ၊ ကားငှားသူများကို သည်းခံပြီး ဆက်ဆံခဲ့ရပုံ၊ စင်ကာပူ၏ အမှန် လှုပ်ရှားရုန်းကန်နေရမှုများအကြောင်း၊ အနားမနေ ဂနာမငြိမ်ဖြစ်ပြီး ကျေနပ်မှု မရနိုင်သော လူများနှင့် တစ်နေရာသို့ ဦးတည်ပြီး အလောသုံးဆယ် ပြေးလွှား သွားလာနေကြသူများနှင့် လျှပ်တစ်ပြက်ဆုံတွေ့ခဲ့ရမှုများကို စာအုပ်မှတဆင့် လေ့လာသိရှိကြရမည် ဖြစ်သည်။ ဘာသာပြန်ဆိုသူကလည်း စင်ကာပူလို ချမ်းသာတဲ့တိုင်းပြည်မှာ အလုပ်တစ်ခုရဖို့ ခက်ခဲတယ်ဆိုတာ သိစေချင်သလို မြန်မာပြည်က တက္ကစီသမားများကိုလည်း ဗဟုသုတအဖြစ် သိစေချင်၍ ဤစာအုပ်ကို ဘာသာပြန်ဆိုဖြစ်ခဲ့ခြင်းဖြစ်ကြောင်း အမှာစာတွင် ဆိုထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|