|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- မိန့်ခွန်းပေါင်းချုပ်
-
-
Author(s):
ဦးနု
- Type: Myanmar Books
-
Category:
နိုင်ငံရေး
- No of Pages: 622
- Binding: Paperback
- Publication Month Year: Jul-2014
- Size: 20 cm x 27 cm
|
- Description: နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုကိုယ်တိုင် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုကာလက ပြောကြားခဲ့သည့် မိန့်ခွန်းများ၊ လွတ်လပ်ရေးရပြီးနောက် ဝန်ကြီးချုပ်ရာထူး ထမ်းဆောင်စဉ်က ပြောကြားခဲ့သည့် နိုင်ငံရေးမိန့်ခွန်းများ စုစုပေါင်းအားဖြင့် မိန့်ခွန်း (၅၃) ခုကို စုစည်း၍ စာအုပ်အဖြစ် ထုတ်ဝေထားခြင်း ဖြစ်သည်။ အင်္ဂလိပ်ခေတ်တွင် ကျောင်းသားခေါင်းဆောင်၊ ဂျပန်ခေတ် ဒေါက်တာဘမော်အစိုးရလက်ထက်တွင် နိုင်ငံရေးဝန်ကြီး၊ လွတ်လပ်ရေးစာချုပ် လက်မှတ်ရေးထိုးသူ၊ မြန်မာနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးနောက် တိုင်းတစ်ပါးသို့ တိမ်းရှောင်ကာ အာဏာရှင်ကို တော်လှန်ခဲ့သူ၊ ဆဋ္ဌသင်္ဂါယနာတင်နိုင်ခဲ့ပြီး ဘာသာရေးကိုင်းရှိုင်းသူ၊ ဘာသာပြန်, ပြဇာတ်, ဘာသာရေး, နိုင်ငံရေး, သုတစာပေများကို ရေးသားခဲ့သူ၊ မြန်မာ့ဒီမိုကရေစီဖခင်ကြီးအဖြစ် တင်စားခြင်း ခံရသူ၊ ဝါရင့်နိုင်ငံရေးသမားဦး၏ သရုပ်မှန်ကို ဆောင်းပါးများမှတဆင့် လေ့လာဖတ်ရှုကြရမည် ဖြစ်သည်။ ဦးနု၏ သမီးဖြစ်သူ ဒေါ်စန်းစန်းနုက အမှာစာရေးပေးထားရာ၌ “ ... ဖေဖေ၏ နိုင်ငံရေးသက်တမ်းတစ်လျောက် လွတ်လပ်ရေးကြိုးပမ်းခဲ့စဉ်အခါကရော၊ လွတ်လပ်ရေးရပြီးမှရော ပြောကြားခဲ့သည့် မိန့်ခွန်းပေါင်းများစွာကို ဖတ်ကြည့်ပါလျှင် ဖေဖေ၏ ပုံရိပ်၊ ဖေဖေ၏ အကြောင်းများကို ကွက်ကွက်ကွင်းကွင်း တွေ့နိုင်မည် ဖြစ်သ်ည။ ဖေဖေ၏ တောင်တန်းသားများအပေါ်တွင် ထားရှိသော စေတနာ၊ ချစ်ခင်လေးစားသော စိတ်ဓာတ်၊ ကျဆုံးသွားသော ခေါင်းဆောင်ကြီးများပေါ်တွင်ထားသော သူ၏ သစ္စာတရား၊ တောင်သူလယ်သမားများကို လူတန်းစေ့နေစေချင်သော သူ၏ စေတနာမေတ္တာ၊ လွတ်လပ်ရေးရပြီးလျှင် တိုင်းပြည်အတွက် ဘာတွေလုပ်ကြမယ်ဆိုတဲ့ တိုင်းပြည်အပေါ်မှာထားခဲ့သည့် ဖေ့ဖေ့စေတနာများကို တွေ့မြင်ဖတ်ရှုကြရမှာဖြစ်တယ်။ ... ” ဟု ဆိုထားသည်။ မြန်မာ့သမိုင်းလေ့လာသူများနှင့်တကွ နိုင်ငံရေးဝါသနာပါသူတိုင်း ဖတ်ရှုလေ့လာသင့်သော စာအုပ်ကောင်းတစ်အုပ် ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|