|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- မုန်တိုင်းမှာ ကြွေတဲ့ ကြယ်တစ်ပွင့်
-
-
Author(s):
ဆွေဆွေ
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 166
- Binding: Paperback
- Publication Month Year: Aug-2013
- Size: 14 cm x 22 cm
|
- Description: မြန်မာ့ဆိပ်ကမ်း အာဏာပိုင် (အငြိမ်းစား)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်သမားလုပ်ငန်းအဖွဲ့ဝင်၊ တနင်္သာရီတိုင်းစည်းရုံးရေးအဖွဲ့ဝင် ဦးမောင်ကို (ပခုက္ကူ)၏ နိုင်ငံရေးဘဝဖြတ်သန်းမှုကို သမီးဖြစ်သူ စာရေးသူက စာအုပ်အဖြစ် ရေးသားမှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ သူသည် ၈၈ အရေးအခင်းတွင် ကိုယ်ကျိုးစွန့် အနစ်နာခံသော အလုပ်သမားခေါင်းဆောင်တစ်ဦးအဖြစ် တက်ကြွစွာ လှုပ်ရှားခဲ့ရုံသာမက အရေးအခင်းအပြီး နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ရေကြည်အိုင် စစ်ကြောရေးစခန်းတွင် လူမဆန်စွာ နှိပ်စက်ညှင်းပန်းခြင်း ခံရရင်း နိုင်ငံတော် လွတ်လပ်ရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးအတွက် အသက်ပေးလှူခဲ့ရသူဖြစ်သည်။ စာအုပ်တွင် ဦးမောင်ကို၏ စိတ်ဓာတ်၊ ခံယူချက်၊ အရေးအခင်းမတိုင်မီ၊ အရေးအခင်းကာလအတွင်နှင့် အရေးအခင်းပြီးနောက် နိုင်ငံရေးလှုပ်ရှားမှုများကို အသေးစိတ် မှတ်တမ်းတင် ရေးသားထားသည်။ ဦးမောင်ကိုသည် နိုင်ငံရေးသစ္စာတရားကြီးမားသူ၊ ပြည်သူ့အကျိုးတန်ဖိုးထားသူဟု ဒေါ်အောင်ဆန်းစုကြည်ကလည်းကောင်း၊ သူရဦးတင်ဦးကလည်း ဤစာအုပ်သည် နောက်တွင် လွတ်လပ်ရေးတိုက်ပွဲ၊ ဒီမိုကရေစီတိုက်ပွဲ၊ လူ့အခွင့်အရေးတိုက်ပွဲများတွင် ဆောင်ရွက်ခဲ့သည့် နိုင်ငံတော်၏ ဖြစ်ရပ်မှန်သမိုင်းတွင် ဤစာအုပ်သည် သက်သေခံစာတမ်းတစ်ခုအဖြစ် တည်ရှိနေမည်ဟုလည်းကောင်း အမှာစာတွင် ဂုဏ်ပြုရေးသားထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|