|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- မဟာဒေဝီတစ်ပါး၏ ရှာပုံတော် (မတရားဖမ်းဆီးထောင်ချပြီး အစအနပျောက်သွားခဲ့ရသော သီပေါစော်ဘွား စဝ်ကြာဆိုင်၊ တနေ့တွေ့နိုး မျှော်ကိုးစောင့်စား ရှာဖွေခဲ့ရသည့် မဟာဒေဝီတစ်ပါး)
-
-
Author(s):
မောင်သန်းဆွေ (ထားဝယ်)
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 287
- Binding: Paperback
- Publication Month Year: Mar-2015
- Size: 19 cm x 27 cm
|
- Description: သြစတြီးယားတွင် မွေးဖွား၍ အမေရိကန်၌ ပညာသင်ကြားစဉ် Colorado School of Mining မှ မိုင်းတူးအင်ဂျင်နီယာကျောင်းသားတစ်ဦးဖြစ်သူ သီပေါစော်ဘွား စဝ်ကြာဆိုင်နှင့် ဖူးစာဆုံ အိမ်ထောင်ကျခဲ့သူ Inge Sargent ကိုယ်တိုင် ရေးသားသည့် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ် Twilight Over Burma : My life as a Shan Princess စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ သူသည် မြန်မာပြည်သို့ သီပေါစော်ဘွားနှင့်အတူ ရောက်ရှိချိန်မှသာ သူ၏ အိမ်ထောင်ဖက်သည် သီပေါစော်ဘွားဖြစ်သည်ကို တအံ့တသြ သိရှိခဲ့ရသူဖြစ်သည်။ ထို့နောက်သူသည် ရှမ်းလူမျိုး၊ ဗုဒ္ဓဘာသာဝင်တစ်ဦးအဖြစ် ခံယူခဲ့ပြီး အချိန်အနည်းငယ်အတွင်းမှာပင် ရှမ်း၊ မြန်မာဘာသာစကားများကို သင်ယူတတ်မြောက်ခဲ့သည်။ ခင်ပွန်းဖြစ်သူနှင့် လက်တွဲကာ သီပေါဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ရာ ဒေသခံများကလည်း ရှမ်းလူမျိုး မဟာဒေဝီတစ်ဦးအဖြစ် လက်ခံခြင်းကို ခံခဲ့ရသည်။ သူ၏ ခင်ပွန်းသည်လည်း သီပေါပြည်နယ် လွှတ်တော်အမတ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည်။ သို့သော် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းလိုက်သည့် အချိန်၌မူ သူ၏ခင်ပွန်းသည် တော်လှန်ရေးကောင်စီ၏ အတင်းအဓမ္မ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး အကျဉ်းကျစဉ်အတွင်းလည်း ရက်စက်စွာ နှိပ်စက်ခြင်းကို ခံခဲ့ရသည်။ နောက်ဆုံးတွင် အစအနပျောက်ကာ ယနေ့တိုင် ရှာမတွေ့တော့ချေ။ သူမသည်လည်း အမေရိကန်ထောက်လှမ်းရေးဟုဆိုကာ သမီး ၂ ဦးနှင့်အတူ ၂ နှစ်ခန့် အကျယ်ချုပ် ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံခဲ့ရသည်။ ထို့နောက်တွင် သြစတြီးယားသံအမတ်ကြီးအကူအညီဖြင့် မြန်မာပြည်မှ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ပြည်ပတွင် ဂျာမန်ဘာသာသင် ဆရာမတစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်း ပြုခဲ့သည်။ သို့သော် သူသည် မြန်မာပြည်သံယောဇဉ်ကြောင့် မြန်မာပြည်မှ ဒုက္ခသည်များအား ကူညီရန် Burma Life Line အဖွဲ့ကို ဖွဲ့စည်းကာ ထိုင်း မြန်မာနယ်စပ်တစ်လျှောက်ရှိ ရှမ်းပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည်များကို အကူအညီပေးခဲ့သည်။ ယခုစာအုပ်တွင် သူမနှင့် သီပေါစော်ဘွား စဝ်ကြာဆိုင်တို့၏ အချစ်ရေး, အိမ်ထောင်ရေး၊ စဝ်ကြာဆိုင်၏ ရှမ်းပြည်နယ်အတွက် လုပ်ဆောင်ချက်များ၊ တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီး စဝ်ကြာဆိုင် ဖမ်းဆီးခံရပုံနှင့် မည်သို့ရက်စက်စွာ သတ်ဖြတ်ခံရပုံများကို ထိတ်လန့်တုန်လှုပ်ဖွယ်၊ ဝမ်းနည်းကြေကွဲဖွယ်၊ ကြည်နူးချမ်းမြေဖွယ်၊ သနားကြင်နာဖွယ် မှတ်တမ်းတင်ရေးသားထားသည်။ မူရင်းစာအုပ်ကို ၁၉၉၄ ခုနှစ်တွင် ရေးသားထုတ်ဝေခဲ့ပြီး ၂ဝဝဝ ပြည့်နှစ်တွင် The Last Mahadevi အမည်ဖြင့် မှတ်တမ်းရုပ်ရှင်ကားအဖြစ် ရိုက်ကူးခဲ့သေးသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|