|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: ဗကပ အရှေ့မြောက်တပ်များ စတင်ဖွဲ့စည်းခဲ့စဉ်က တရုတ်တို့၏ ထောက်ခံမှုဖြင့် ၄ဝ၄ တပ်မှူးကြီးတာဝန်ကို ရရှိခဲ့သူ၊ သူတာဝန်ယူစဉ်ကာလအတွင်း ကိုးကန့်ဒေသအတွင်းရှိ ဗမာ့တပ်မတော်စခန်းအားလုံးကို သိမ်းပိုက်အောင်နိုင်ခြင်းဖြင့် စစ်ဘုရင်အဖြစ် နာမည်ကျော်ကြားခဲ့သူ၊ ယူနန်ပြည်နယ်ရှိ တရုတ်စစ်ကျောင်းတွင် သင်တန်းများတက်ရောက်ခဲ့ပြီး ပင်ကိုယ်ကလည်း စစ်တိုက်ဝါသနာပါသူ၊ တရားမဝင် ဘိန်း, လက်နက်, ကျောက်စိမ်းအရောင်းအဝယ်များသာနက လူကုန်ကူးခြင်း၊ လောင်းကစားဝိုင်းဖွင့်လှစ်ခြင်း၊ လူသတ်ခြင်း၊ ငွေမဲခဝါချခြင်း၊ မိန်းမလိုက်စားခြင်းများကိုပါ လုပ်ကိုင်ခဲ့သူ၊ နအဖခေတ်က ငြိမ်းချမ်းရေးရယူထားသော်လည်း တရားမဝင် လက်နက်စက်ရုံတည်ထောင်ကာ “ဝ”အပါအဝင် ပြည်တွင်းလက်နက်ကိုင်များကို လက်နက်ရောင်းချခဲ့သူ၊ အဆိုပါ လက်နက်စက်ရုံကို ဝင်စစ်ဆေးသည့် ရဲဝန်ထမ်းများကို ဖမ်းဆီးဓားစာခံလုပ်ထားကာ တပ်မတော်မှ ဝင်ရောက်စီးနင်းချိန်၍ ရက်စက်စွာ သတ်ဖြတ်ခဲ့ပြီး စခန်းကို စွန့်ခွာခဲ့သူ၊ ယူနန်ပြည်နယ်မှ တရုတ်လူဆိုးများ၏ အင်တိုက်အားတိုက် ဗြောင်ကူညီမှုများဖြင့် ကိုးကန့်ဒေသကို တပ်မတော်လက်မှ ပြန်လည်ရယူရန် ကြိုးစားခဲ့သူ ဖုန်ကြားရှင်၏ သမိုင်းကြောင်းနှင့် ၁၉၆၈ ခုနှစ်မှသည် ၂ဝ၁၅ ခုနှစ်အထိ သူပါဝင်ခဲ့သည့် တိုက်ပွဲများအကြောင်းကို သမိုင်းအချက်အလက်များနှင့်တကွ ပြည့်ပြည့်စုံစုံ မှတ်တမ်းတင် ရေးသားထားသော စာအုပ်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|