|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- ကျွန်တော်ချစ်တဲ့ ရေတပ်မတော် (၁၉၄၄ - ၄၇ ဗြိတိသျှဘုရင် ရေတပ်မတော်နှင့် ၁၉၄၈ - ၅၂ တပ်မတော် (ရေ)တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်ကြီးကျော်သိန်းလွင်၏ အတွေ့အကြုံများ)
-
-
Author(s):
ကိုပြုံး
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 172
- Binding: Paperback
- Publication Month Year: Mar-2016
- Size: 16 cm x 23 cm
|
- Description: ၁၉၄၄ ခုနှစ်တွင် မြန်မာ့ဗြိတိသျှတော်ဝင်အရန်ရေတပ်သို့ ဝင်ရောက်ခဲ့ပြီး အမျိုးစုံသော Fairmile B ရေယာဉ်များပေါ်တွင် ဒုတိကမ္ဘာစစ်အတွင်းတစ်လျှောက်နှင့် (၁၉၄၇) ခုနှစ်ရောက်ပြီး မြန်မာ့ဗြိတိသျှတော်ဝင် အရန်ရေတပ်မှ လွတ်လပ်သည့် မြန်မာနိုင်ငံ၏ မြန်မာ့တပ်မတော် (ရေ) သို့ ကူးပြောင်းချိန်အထိ (၁၉၄၈ ခုနှစ်မှ ၅၂ ခုနှစ်အထိ) တပ်မတော် (ရေ)တွင် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ကြီးကျော်သိန်းလွင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားသည့် “The Navy I Love” စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ မြန်မာ့ခေတ်သစ်ရေတပ်၏ ခေတ်ဦး BRNVR တွင် ပါဝင်ခဲ့သည့် အတွေ့အကြုံများ၊ ရခိုင်ဒေသ မြန်မာပြည်တိုက်ပွဲစဉ် အတွေ့အကြုံများ၊ စစ်ရေယာဉ်မေယုကို လက်ခံရန်အတွက် ဗိုလ်ချုပ်အောင်ဆန်း လာရောက်စဉ်က စီစဉ်ပေးခဲ့ရပုံများ၊ ရခိုင်ဒေသ မူဂျာဟစ်များကို စစ်ဆင်တိုက်ထုတ်ခဲ့စဉ်က အတွေ့အကြုံများ၊ ရှိသည့်ရေယာဉ်, ရှိသည့်လက်နက်များဖြင့် ဆင်နွှဲခဲ့သည့် မြစ်ဝကျွန်းပေါ် စစ်ဆင်ရေးများအကြောင်းအပါအဝင် စိတ်ဝင်စားဖွယ် သူ၏ အတွေ့အကြုံများ ပါရှိသည်။ တပ်မတော် (ရေ) ဦးစီးချုပ် (ငြိမ်း) ဗိုလ်ချုပ်ကြီးသူရသက်ဆွေက အမှာစာရေးပေးထားရာ၌ စာရေးသူသည် မြန်မာ့တို့၏ ရေတပ်အတွက် အဖိုးမဖြတ်နိုင်သော သက်ရှိရာဇဝင်ကြီးဖြစ်ပြီး ယခုစာအုပ်သည်လည်း နိုင်ငံ့အတွက် ရေတပ်အတွက် ရေတပ်ကို ချစ်သောသူများအတွက်၊ ယခင်ပါးစပ်ရာဇဝင်နှင့်သာ တစ်ဆင့်နားထောင်ခဲ့ရသည့် ရေတပ်၏ သမိုင်းဖြစ်စဉ်များအတွက် အဖိုးတန်လှသည့် စာအုပ်ဖြစ်သည်ဟု ဆိုထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|