|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- ဦးနု၏ ပြဇာတ် (၄) ပုဒ်
-
-
Author(s):
ဦးနု
- Type: Myanmar Books
-
Category:
ဝတ္ထုရှည်
- No of Pages: 425
- Binding: Paperback
- Publication Month Year: Aug-2016
- Size: 15 cm x 21 cm
|
- Description: အသားထဲက လောက်ထွက်၊ လူထုအောင်သံ၊ သ က အ လ၊ ပုထုဇနော ဥမ္မတကာဟူသော စာရေးဆရာ နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးနု၏ ပြဇာတ်လက်ရာ (၄) ပုဒ်ကို စုစည်း၍ စာအုပ်အဖြစ် ထုတ်ဝေထားခြင်း ဖြစ်သည်။ “တို့ဗမာအစည်းအရုံး” ဌာနချုပ်၌ ဖြစ်ပျက်နေသည့် အဖြစ်အပျက်အချို့ကို နောက်ခံပြုရေးဖွဲ့ထားသည့် “အသားထဲက လောက်ထွက်”၊ အာဏာကို လက်နက်ဖြင့် သိမ်းရမယ်ဆိုသည့် အယူဝါဒဆိုးကြီး ခေါင်းထောင်ထဖို့ အချိန်ယူနေသည့် မြန်မာနိုင်ငံ လွတ်လပ်ရေးရစအချိန် ၁၉၅ဝ ခုနှစ်ခန့်ပတ်ဝန်းကျင်က ဦးနုကိုယ်တိုင် ရေးသားခဲ့သည့် ပြဇာတ်ရှည်ကြီး ဖြစ်သည့် “လူထုအောင်သံ”၊ “သ” ဟူသည်ကား သူရာမေရိယ အရက်သောက်ခြင်း၊ “က” ဟူသည်ကား ကာမေသုမိစ္ဆာရာ မိမိကာမပိုင် မဟုတ်သူများနှင့် ဖောက်ပြားခြင်း၊ “အ” ဟူသည်ကား အက္ခဓုတ္တ အလောင်းအစားကြူးခြင်း၊ “လ” ဟူသည်ကား လဉ္ဇဂ္ဂါဟ တန်စိုးလက်ဆောင်ယူခြင်းကို ဆိုလိုပြီး ပါလီမန်ဒီမိုကရေစီကို ချစ်မြတ်နိုးကြသော အာဏာပိုင်များ ဒီမိုကရေစီ၏ ပျက်စီးရာ ပျက်စီးကြောင်းအချက်များကို သတိပြုမူမိကြစေရန် ရည်ရွယ် ရေးသားထားသည့် “သ က အ လ”၊ ထုဇဉ်တို့သည် စိတ်မတည်ဘဲ အစဉ်အမြဲ ဖောက်လွှဲ ဖောက်ပြန် ဖြစ်တတ်သော သဘောရှိသောကြောင့် “ပုထုဇဉ်တို့မည်သည် အရူးများနှင့် တူသည်”ဟု ဘုရားရှင် ဟောကြားတော်မူရာ သူငယ်မလေးတစ်ဦးသည် အဘိုးကြီးတစ်ဦးကို ချစ်မိရာမှ ရွယ်တူတစ်ဦးသို့ အချစ်ပြောင်းသွားပုံ၊ ထိုရွယ်တူနှင့် ချစ်ခင်နေရာမှ အဘိုးကြီးထံသို့ ပြန်လည် အချစ်ပြောင်းသွားပုံ၊ အဘိုးကြီးကိုယ်တိုင်ကလည်း ၂ နှစ် ၃ နှစ် နီးနီးကပ်ကပ် တွေ့နေခဲ့သော်လည်း ဘာမှမဖြစ်ခဲ့ရာမှ တမဟုတ်ခြင်း အချစ်စိတ်ဓာတ်များ ပေါ်လာပုံ အစရှိသည့် အရူးနှင့်တူသော လူတို့၏ စိတ်ဓာတ်ပြောင်းလဲတတ်ပုံကို ကွက်ကွက်ကွင်းကွင်း ရေးဖွဲ့သရုပ်ဖော်ထားသည့် “ပုထုဇနော ဥမ္မတကာ” ပြဇာတ်တို့ကို စိတ်ဝင်စားဖွယ် ဖတ်ရှုကြရမည် ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|