|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ကထာ - စကား၊ သလ္လာပ - အတူတကွ လက်ဆုံကျ၍ ပြောဆိုခြင်း၊ သိက္ခာ -သင်ကြားပေးခြင်း၊ သင်ကြားပေးသောကျမ်း၊ အားလုံးစုပေါင်းအဓိပ္ပာယ်မှာ “ကထာသလ္လပသိက္ခာ - စကားပြောသင်ကျမ်း”ဟု ဆိုလို၏။ ဆရာတော်သည် ဤကျမ်းကို မဟာဂန္ဓာရုံကျောင်းတိုက်ကို စတင်တည်ထောင်စအချိန်ကပင် ရေးသားခဲ့ခြင်းဖြစ်သည်။ ကျောင်းတိုက်နေ စာသင်သားတို့သည် ဦးစွာပထမ နာမ်ဂိုဏ်း အာချာတ် ဂိုဏ်းတို့ကို ကျက်မှတ်ကြရ၏။ ပြီးမှ ၆ လခန့် ပါဠိသိက္ခာကို သင်ကြားကြရသည်။ ပါဠိသိက္ခာပြီးလျှင်ကား ဤ “ကထာသလ္လာပသိက္ခာ -စကားပြောသင်ကျမ်း” သို့ တစ်ဆင့်လှမ်း၍တက်ကြရတော့၏။ ဆရာတော်က စာသင်သားများအား ပါဠိနှင့် ရင်းနှီးကျွမ်းဝင်၍ မိခင် ဘာသာကဲ့သို့ပြောတတ် ရေးတတ်အောင် ရည်ရွယ်ချက်ဖြင့် စီစဉ်အပ်သော ကျမ်းဖြစ်၏။ စာအုပ်တွင် ပါဠိဘာသာဖြင့် နံနက်စောစော စကားပြောပုံ၊ အိပ်ရာထပြီးချိန် စကားပြောပုံ၊ ဘုရားအာရုံပြုချိန် စကားပြောပုံ၊ ဆွမ်းချက်ချိန် စကားပြောပုံ၊ ွမ်းကျက်ချိန်အထိ စကားပြောပုံ၊ နံနက်ဆွမ်းစားချိန် စကားပြောပုံ၊ ဆွမ်းစားပြီးချိန် စကားပြောပုံ၊ နေ့ဆွမ်း အတွက် မြို့တွင်းသို့ဝင်၍ ဆွမ်းခံချိန် စကားပြောပုံ၊ ဆွမ်းခံပြန်လာချိန် စကားပြောပုံ၊ နေ့ဆွမ်းစားချိန် စကားပြောပုံ၊ ရေချိုးချိန်စကားပြောပုံ၊ ကုဋီကိစ္စနှင့်စပ်၍ စကားပြောပုံစသည်ဖြင့် ညဉ့်အိပ်ချိန်တိုင်အောင် စီစဉ်ထားသည်ကို တွေ့ရပါမည်။ စာသင်သားများ နှုတ်တက် ကျက်ကြရသည်၊ ဤသို့လျှင် အမာခံကျောရိုးအဖြစ် ပါဠိစကားလုံးတို့ကို တစ်နေ့လုံးစာအတွက် နှုတ်တက်ရထားသောအခါ အခြားအခြားသော အကြောင်းအရာတို့နှင့်စပ်၍ ပြောကြရာ၌ အနည်းငယ်မျှသာ ဖြည့်စွက်ရုံဖြစ်တော့၏။ ဤနည်းအားဖြင့် ပါဠိကိုလက်က ရေးတတ်ရုံသာမက နှုတ်ကပါ ပြောတတ် အောင် ပြောရဲအောင် စီစဉ်ထားခြင်းဖြစ်လေသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|