|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- မကြီး၊ မလေး၊ မနီ (၂၀ ရာစု တရုတ်ပြည်၏ ဗဟိုချက်မှ မိန်းမသုံးယောက်)
-
-
Author(s):
ဉာဏ်သစ်
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 388
- Binding: Paperback
- Publication Month Year: Oct-2021
- Size: 15 cm x 23 cm
|
- Description: “ငန်းရိုင်းများ” စာအုပ်ကိုရေးသူ Jung Chang ရေးသားသည့် Big Sister, Little Sister, Red Sister: Three Women at the Heart of Twentieth-Century China စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ ‘မကြီး’၊ ‘မလေး’၊ ‘မနီ’ ဆိုသည်မှာ (၂၀) ရာစု တရုတ်ပြည်မှ အထင်ရှားဆုံး စုန့်ညီအစ်မ သုံးဖော်ဖြစ်သည်။ တစ်ယောက်က ပိုက်ဆံကို ချစ်သည်။ တစ်ယောက်က အာဏာကို ချစ်သည်။ တစ်ယောက်က တိုင်းပြည်ကို ချစ်သည်ဟု လူအများပြောဆိုကြသည်။ မကြီးဖြစ်သူသည် အိုက်လင်သည် တရုတ်ပြည်ကူမင်တန်အစိုးရ၏ ဝန်ကြီးချုပ်နှင့် ဘဏ္ဏာရေးဝန်ကြီး၏ ဇနီးဖြစ်ပြီး တရုတ်ပြည်က အချမ်းသာဆုံးအမျိုးသမီးကြီး ဖြစ်သည်။ မလေးဖြစ်သူ မေလင်သည် ကူမင်တန်တရုတ်ပြည် ၏ ပထမကတော်ကြီး (ချန်ကေရှိတ်၏ ဇနီး) ဖြစ်သည်။ မနီ ဆိုသည့် ချင်လင်ဆိုသည်ကား ခေတ်သစ် တရုတ်ပြည်၏ ပထမဆုံးသမ္မတဖြစ်သူ ဆွန်ယက်ဆင်၏ ဇနီးဖြစ်ပြီး ဆွန်ယက်ဆင် ကွယ်လွန်ပြီးနောက် တရုတ်ကွန်မြူနစ်ပါတီ ၏ ဒုတိယဥက္ကဌ ဖြစ်လာသည်။ စုန့်ညီအစ်မ သုံးဖော်၏ ဇာတ်လမ်းသည် တရုတ်ပြည် သက်ဦးဆံပိုင် ခေတ်မှ ဒီမိုကရေစီသို့ အသွင်ပြောင်းနေချိန်တွင် စတင်သည်။ ကွန်မြူနစ် တရုတ်ပြည်တွင် အဆုံးသတ်သည်။ ခေတ်သစ်တရုတ်ပြည်၏ သမိုင်းပင်လျှင် စုန့်ညီအစ်မ သုံးဖော်၏ ပုဂ္ဂလိက ဝေဒနာ များဖြင့် အတွင်းကျကျရောယှက်နေသည်ဟု ဆိုသည်။ စာအုပ်တွင် တရုတ်နှင့် ကမ္ဘာ့နိုင်ငံရေး၏ မဟာထိပ်သီးများဖြစ်ကြသော ဆွန်ယက်ဆင်၊ ချန်ကေရှိတ်၊ မော်စီတုန်း၊ ချိုအင်လှိုင်၊ ဗိုလ်ချုပ်ကြီးစတီးဝဲလ်၊ အမေရိကန်သမ္မတ ရုစဗဲ့လ်၊ ဗြိတိသျှဝန်ကြီးချုပ် ဝင်စတန်ချာချီနှင့် ဆိုဗီယက်ခေါင်းဆောင်စတာလင်တို့သည် ဤစာအုပ်၏ ဇာတ်ဆောင်များ ဖြစ်ကြသည်။ ၁၈၆၆ မှ ၂၀၀၃ ခုနစ်အထိ တရုတ်ပြည်၏ နိုင်ငံရေး အလှည့်အပြောင်းကာလအတွင်း၊ စုန့်ညီအစ်မ သုံးဖော်အကြောင်းကို မှတ်တမ်းမှတ်ရာ၊ အထောက်အထား၊ အကိုးအကားစုံလင်စွာဖြင့်ရေးသားတင်ပြထားသောကြောင့် ခေတ်သစ်တရုတ်ပြည်သမိုင်းကို ထင်ဟပ်စေမည့် စာအုပ်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|