|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: David William၏ Letters From Starlingraphကို ဘာသာပြန်ထားခြင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင် စတာလင်ဂရက်မြို့ကို သိမ်းပိုက်နိုင်ရန် ကြိုးစားနေကြသည့် နာဇီတပ်သားများက သူတို့၏ ရှေ့တန်းစစ်မြေပြင်မှ ခံစားချက်များကို သူတို့၏မိသားစုထံသို့ ရေးသားကာ ကြည်းတပ်စာပို့ဌာနမှတစ်ဆင့် ပို့ခဲ့ကြသည်။ ထိုစာများကို ထိုဌာန၏ ဗဟိုဆင်ဆာရုံးက ဖွင့်ဖောက်ကာ စစ်သည်တို့၏ စိတ်ဓာတ်အခြေအနေကို ခွဲခြား၍ စတာလင်ဂရက်တိုက်ပွဲသမိုင်းကို ရေးသားရာတွင် အသုံးပြုရန် အသုံးချခဲ့သည်။ ယခုစာအုပ်ပါ စာများမှာ ဂျာမန်တပ်တော်အမှတ် ၆ မှ စစ်သည်တော် ၃၉ ယောက်တို့၏ နောက်ဆုံးရေးသားထားသည့် စာများပင်ဖြစ်သည်။ ထိုစာများကို ဖတ်ခြင်းဖြင့် ဘဝ၏သဘောအဓိပ္ပာယ်၊ သေခြင်းတရား၏ သဘောအဓိပ္ပာယ်၊ စစ်၏ သဘောအဓိပ္ပာယ်တို့ကို ကြက်သီးတဖြန်းဖြန်းထလောက်အောင် ခံစားကြရမည်ဖြစ်သည်။ စာများတွင် သူငယ်ချင်းထံသို့ ပေးစာ၊ ချစ်သူထံပေးစာ၊ ချစ်ဇနီးထံပေးစာ၊ အဘွားထံသို့ပေးစာ၊ဖခင်ဗိုလ်ချုပ်ထံပေးစာမှသည် အိမ်၌ကျန်ရစ်ခဲ့သည့် သားသမီးနှစ်ယောက်နှင့် ဇနီးသည်အား နောက်အိမ်ထောင်ပြုရန် ပေးစာအထိပါဝင်သည်။ စာအားလုံးတွင် တူညီချက်တစ်ခုမှာ စစ်ကိုမုန်းတီးနေကြခြင်းဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|