|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: သတ္တဝါတို့သည် လေကြောင့်လည်းကောင်း၊ သည်းခြေကြောင့်လည်းကောင်း၊ သလိပ်ကြောင့်လည်းကောင်း၊ လေ သည်းခြေ သလိပ် သုံးမျိုးပေါင်းစုံ စုဝေးခြင်းကြောင့်လည်းကောင်း၊ သူတစ်ပါး၏ပယောဂကြောင့်လည်းကောင်း၊ ကံ၏အကျိုးကြောင့်လည်းကောင်း၊ ဤရှစ်မျိုးသောအကြောင်းတို့ကြောင့် သေကြရသည်။ ထိုသေခြင်းအကြောင်း(၈)မျိုးတွင် ကံ၏အကျိုးကြောင့်(ကံကုန်သောကြောင့်) သေချိန်သင့်၍ သေရခြင်းသည် တစ်မျိုးတည်းသာရှိ၏။ ကျန်ခုနစ်မျိုးသော သေခြင်းတို့သည် မိမိတို့၏ကံကြောင့်မဟုတ်ဘဲ သေချိန်မသင့်သေးဘဲ အသိဉာဏ်နည်းပါးမှု အနေအစားမတတ်မှုတို့ကြောင့် မသေသင့်ဘဲ သေကြရသည်။ ဤကျမ်းစာသည် ကံမကုန်သေးဘဲ မသေသင့်ဘဲ သေကြရသည့် “အကာလ မရဏ” ခုနစ်မျိုးတို့မှ လွတ်ကင်း၍ အနာရောဂါကင်းပြီး အသက်ရှည်ကျန်းမာစွာနေနိုင်ရေးအတွက် ဗုဒ္ဓမြတ်စွာဟောကြားလမ်းညွှန်ထားသည်များကို လက်လှမ်းမီသမျှ စုစည်းတင်ပြထားခြင်းဖြစ်သည်။ ကြေလွယ်သော အစာကိုစားခြင်း၊ သင့်လျော်သော အချိန်ကာလ၌သာ သွားလာလှည့်လည်ခြင်း၊ ကိုယ်ကျင့်တရားကောင်းမွန်းခြင်း၊ မိတ်ကောင်းရှိခြင်းအပါအဝင် ကျန်းမာ သက်ရှည်ခြင်း၏ အရင်းခံတရားများ၊ ဝသဘမင်းသားအား မြတ်စွာဘုရားဟောကြားသည့် အသက်ရှည်ရေးတရား၊ ပရိတ်တော်များနှင့် ဘေးရန်ကင်းရှင်း ကျန်းမာသက်ရှည်ခြင်း၊ ကျန်းမာရေးနှင့် အသက်ရှည်ရေးအတွက် အလေးထားရမည့် ချုပ် ၅ ချုပ်၊ ကျန်းမာရေးအတွက် အစာလျော့စားခြင်း၊ အိပ်စက်နားနေခြင်း၊ ကာယာနုပဿနာ သတိပဋ္ဌာန်၊ စိတ္တာနုပဿနာ သတိပဋ္ဌာန်၊ ဝေဒနာနုပဿနာ သတိပဋ္ဌာန်၊ ဓမ္မာနုပဿနာတိပဋ္ဌာန်အကြောင်းအပါအဝင် ကျန်းမာခြင်း အကြောင်းတရားများအကြောင်းကို အသေးစိတ် ဖတ်ရှုကြရမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|