|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ကမ္ပည်းကျောက်စာဌာနတွင် ပုံကူးဆရာအဖြစ် အမှုထမ်းခဲ့ရုံမျှမက ကိုယ်တိုင်လည်း ဓာတ်ပုံရိုက်ဝါသနာပါ၊ ဓာတ်ပုံလည်း ကျွမ်းကျွမ်းကျင်ကျင် ရိုက်တတ်သူတဦးလည်းဖြစ်၊ သုတေသီစာရေးဆရာတစ်ဦးလည်းဖြစ်၊ သမိုင်းနဲ့ဆိုင်ရာ ရှေးဟောင်းယဉ်ကျေးမှု အနုပညာအမွေအနှစ်များ စုစည်းရာနေရာဒေသတွေကို မကြာခဏ လေ့လာရေးခရီးထွက်လေ့ရှိသူ စာရေးသူဆရာတော်သည် ရောက်ရှိရာနေရာဒေသဆိုင်ရာများကို ကျကျနန လေ့လာ၊ စေ့စေ့ငငမှတ်တမ်းတင်ပြီး သုတေသနဆောင်းပါးများ ရေးသားလေ့ရှိသည်။ ဆရာတော်သည် ၁၉၅၃ ခုနှစ် နိုဝင်ဘာလတွင် အဖော်ရဟန်းသုံးပါးနဲ့ အလုပ်အကျွေး သာမဏတပါးကို အဖော်ပြုပြီး ရှေးဟောင်းယဉ်ကျေးမှု အနုပညာဗိသုကာ လက်ရာများဆုံစည်းရာဖြစ်သည့် ပုဂံကို ခရီးထွက်ခဲ့ပြီး ၎င်းခရီးစဉ်မှ လေ့လာတွေ့ရှိခဲ့တဲ့ အချက်အလက်တွေကို ‘ပုဂံသွားမှတ်တမ်း’ အမည်နဲ့ ဆောင်းပါးများ ရေးသားခဲ့သည်။ ထို့နောက် ၁၉၅၄ ခု၊ မတ်လထုတ် လူထုဂျာနယ်အမှတ် ၄၈ ကစကာ အပတ်စဉ် အခန်းဆက် ထည့်သွင်းဖော်ပြခဲ့သည်။ ၎င်းဆောင်းပါးများကို စုစည်း၍ စာအုပ်အဖြစ် ထုတ်ဝေထားခြင်း ဖြစ်သည်။ ဆရာတော်ဟာ ပုဂံရှေးဟောင်းနယ်မြေအတွင်းက လေ့လာထိုက်တဲ့ ထူးခြားမှတ်သားလောက်တဲ့ အချက်အလက်များ ကိုယ်စီကိုယ်င ရှိနေကြတဲ့ ဘုရားအဆူပေါင်း ၆၀ ကျော်၊ ၇၀ လောက်ကို ခြေကျင်တမျိုး၊ လှည်းနှင့်တဖုံ သွားရောက်ဖူးမြော်ခဲ့ခြင်း ဖြစ်သည်။ ရွှေစည်းခုံ၊ အာနန္ဒာ၊ သဗ္ဗညု၊ ဓမ္မရံကြီး၊ ဗူးဘုရားကဲ့သို့ လူသူအရောက်အပေါက်များ ထင်ရှားတဲ့ ဘုရားများသာမက ချောက်ဖလ (ချောက်ဘုရားလှ)၊ ကန်စွန်းအို၊ ဝိနည်းဓိုရ်၊ ရှင်အဇ္ဈဂေါဏ၊ မလုံးဖြစ် မလာဖြစ် ဘုရားအစရှိသည့် အတော်ချောင်ကျပြီး ခက်ခက်ခဲခဲသွားရောက် ဖူးမြော်ရတဲ့ (အချို့ဆိုရင် ဘုရားဘွဲ့တော်ကိုတောင် ကြားဖူးမှာ မဟုတ်သည့်) ဘုရားများအထိပါ သွားရောက်လေ့လာခဲ့သည်။ ထို့ကြောင့် ဆရာတော်၏ ပုဂံသွားမှတ်တမ်းဟာ နှစ်ပေါင်း ၅၀ ကျော် ကြာခဲ့ပြီးဖြစ်ပေမယ့် ပုဂံသုတေသီဘုရားဖူးများအတွက် ရှားပါးမွန်မြတ်တဲ့ လမ်းညွှန်စာတမ်းများဟုလည်း ဆိုနိုင်သည်။ မြန်မာ့ယဉ်ကျေးမှု အနုပညာရပ်တို့၏ အမွန်အစနှင့် အများဆုံး သိုမှီးသိမ်းဆည်းထားရာ ယဉ်ကျေးမှုပြတိုက်ကြီးနှင့် သဏ္ဍာန်တူသည့် ပုဂံမြို့ဟောင်းသို့ ခရီးသွားစဉ် လမ်းခရီးတစ်လျှောက် ပုဂံနှင့်ပတ်သက်သည့် သမိုင်း ယဉ်ကျေးမှု၊ ပုဂံရှိ တန်ခိုးကြီးစေတီပုထိုးများဖြစ်သော ရွှေစည်းခုံစေတီတော် သမ္ဘူလဘုရား လေးမျက်နှာဘုရား သပိတ်မှောက်ဘုရား မြင်းကပါဘုရားကြီး စသော တန်ခိုးကြီးဘုရားများစွာ၏သမိုင်းတည်နေရာ၊ အတိတ်ခေတ်က ဘွားစော၊ မိဖုရားစောကောင်းမှုတော်များ၊ သမထီးကျောက်စာ ၊ ကုသနှင့် သမုတိ၊ ပြဿဒါး သို့မဟုတ် ပြာသာဒ်ဘုရား၊ မြင်းကပါရွာ သမိုင်း၊ ပုဂံတွင်အကြီးမားဆုံးသော ရုပ်ပွားတော်၊ ကျော်ကြားလှသော နဂါးရုံနှင့် အပယ်ရတနာ၊ စိမ်းညက်ညီအစ်မဘုရား၊ ကျောက်စကားရွာ၊ ဂူပျောက်ကြီးဘုရားခေတ် ခန့်မှန်းချက်၊ ရွှေဆံတော်စေတီ၊ မီးမလောင်ကျောင်းသမိုင်း အပါအဝင် ပုဂံမြို့ဟောင်းခရီးစဉ်တလျှောက် သိသင့်သိထိုက်သည်များကို ပြည့်စုံစွာတင်ပြထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|