|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: အင်္ဂလိပ်အပြေး ဂျပန်အဝင်ကာလ မြန်မာပြည်အတွင်း နယ်ချဲ့တို့ကို အသက်စွန့်၍ တိုက်ပွဲဝင်သွားသည့် သခင်နက်ဖေနှင့်တကွ မြန်မာ့အာဇာနည်သူရဲကောင်းတို့၏ ရဲရဲတောက်စိတ်ဓာတ်ကို နောင်လာနောက်သားတို့ သိရှိစေရန် ရေးသားထားခြင်းဖြစ်သည်။ နယ်ချဲ့ကို ဒူးမထောက်တဲ့ စာအုပ်ဆိုသည့်အတိုင်း နယ်ချဲ့ဆန့်ကျင်ရေးကို ရဲရဲတောက် ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ပွဲဝင်ရင်း မိမိတို့တိုင်းပြည်နှင့်လူမျိုးအတွက် အသက်စွန့်သွားသည့် ဂျပန်ခေတ်နိုင်ငံရေးသမား ၊ မြစ်ကြီးနားမြို့ တို့ဗမာဆင်းရဲသား အစည်းအရုံး၏ အမှုဆောင် ရဲဘော်သခင်နက်ဖေ၊ ဂျပန်နှင့် ပူးပေါင်း၍ မဟာမိတ်များကို ပုန်ကန်သည်ဟူသော စွဲချက်ဖြင့် မသေမချင်း ပစ်သတ်စေဟု အမိန့်ချခံရသည့် သခင်နက်ဖေ၊ မဟာမိတ်၏ အကျဉ်းသားဘဝဖြင့် ထောင်တွင်းဒုက္ခမျိုးစုံကို ခံရင်း အသက်စွန့်ခဲ့ရသည့် သခင်နက်ဖေအကြောင်းကို ဖတ်ရှုရင်း မြန်မာ့လွတ်လပ်ရေး၏ တန်ဖိုးကြီးမားပုံကို သိရှိလာရမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|