|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- အိတ်ဆောင်အင်္ဂလိပ်စကားပြော (Pocket Book of Spoken English) (မြန်မာအသံထွက်ပါသည်) (အိတ်ဆောင်)
-
-
Author(s):
ဟိန်းလတ်
- Type: Myanmar Books
-
Category:
ဘာသာစကား / ဘာသာဗေဒ
- No of Pages: 315
- Binding: Paperback
- Publication Month Year: Sep-2023
- Size: 8 cm x 12 cm
|
- Description: စာရေးသူက ယခုအိတ်ဆောင်စာအုပ်သည် ယခင်ထုတ်ဝေပြီးစာအုပ်များတွင် မပါဝင်သေးသော အကြောင်းအရာများ၊ အသုံးအနှုန်းများကို အပြည့်အစုံ စုဆောင်းတင်ပြထားကြောင်း၊ အိတ်ဆောင်ဆို၍ မပြည့်မစုံ တိုတိုကျဉ်းကျဉ်း လိုရင်းကိုသာ ရေးထားသည်မဟုတ်ကြောင်း၊ စာအုပ်ကြီးများတွင် ပါသည်ထက် ပိုလျှင်သာပိုမည် မည်သို့မျှ မနည်းလှကြောင်း ဖော်ညွှန်းထားသည်။ ထို့ပြင် လန်ဒန်မြို့တွင် ဖွဲ့စည်းထားသော “အင်္ဂလိပ်ဘာသာစကားနှင့် ဘာသာဗေဒသုတေသီများအဖွဲ့” (English Language and Linguistics Researchers Association) ၏ အနှစ်နှစ် အလလ သုတေသနပြုချက်များမှ ပေါ်ထွက်လာသော အသုံးဝင်သော မေးခွန်းတစ်ရာ(Hundred Useful Questions) ကို ဤစာအုပ်၏နောက်ပိုင်းတွင် ဖော်ပြထားသည်။ အင်္ဂလိပ်စာလေ့လာသင်ယူနေသူများ၊ နိုင်ငံခြားသွားမည့်သူများအနေဖြင့် ဤစာအုပ်ပါစကားပြောများ၏အသုံးတည့်မှုကို လက်တွေ့သိမြင်လာစေမည့် အကောင်းဆုံးအင်္ဂလိပ်စကားပြော အိတ်ဆောင်စာအုပ် ဖြစ်သည်။ ကျေးဇူးတင်၊ တောင်းပန်၊ ဝမ်းနည်း၊ ချီးကျူး၊ ဖိတ်ကြား၊ လမ်းမေး၊ ကျွေးမွေး၊ ချိန်းဆို၊ အကူအညီတောင်း၊ အချိန်မေး/ပြော၊ ဟိုတယ်တွင် စားသောက်၊ ဈေးဝယ်၊ ဘူတာရုံ လေဆိပ်များတွင်ပြောဆို၊ အင်တာဗျူး၊ ဘဏ်ကိစ္စရပ်များအပါအဝင် စကားပြောနည်းစုံကို အခန်း ၆၂ ခန်းခွဲကာရှင်းပြထားသည်။ စကားပြောစာကြောင်းတိုင်းတွင် အင်္ဂလိပ်တစ်ကြောင်း၊ မြန်မာအသံထွက်တစ်ကြောင်း၊ မြန်မာအဓိပ္ပာယ်တစ်ကြောင်းပုံစံဖြင့် ဖော်ပြထားသည်ကို တွေ့ရသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|