|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- မြတ်ဗုဒ္ဓ၏နောက်ဆုံးတပည့် (ဝိပဿနာအလုပ်ပေးတရား)
-
-
Author(s):
သရက်အရှင်ပညာဝရ (မဟာသဒ္ဓမ္မဇောတိကဓဇ)
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 203
- Binding: Paperback
- Publication Month Year: Oct-2008
- Size: 12 cm x 18 cm
|
- Description: စာရေးသူဆရာတော်က ဤစာအုပ်၏အမည်ကို “မြတ်ဗုဒ္ဓ၏ နောက်ဆုံးတပည့်” ဟု အမည်ပေးထားသော်လည်း အမှန်တကယ်ရေးသားထားသည်မှာ တရားရှုမှတ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်လက်တွေ့ကျမ်းစာကြီးပင်ဖြစ်သည်။ ဝိပဿနာဝေါဟာရအဓိပ္ပာယ်၊ ဝိပဿနာအားထုတ်နည်း အခြေခံသဘောတရားများ၊ လူတိုင်း ဝိပဿနာတရားအားထုတ်သင့်ပုံနှင့် ဝိပဿနာတရားအားထုတ်သူများအတွက် ကောင်းကျိုးတရားစသည့် ဝိပဿနာဆိုင်ရာအသိပညာများကို ဟောတရားအသွင်ဖြင့် စီစဉ်ပြုစုထားခြင်းဖြစ်သည်။ သို့ရာတွင် စာအရေးအသားကို လေးလေးခန့်ခန့်ကြီးမဟုတ်ဘဲ ရှင်းလင်းသောစာအရေးအသား ပေါးပါးသော အဟောအပြောကလေးများဖြင့် တစုတဝေးတင်ပြထားသည်ကို တွေ့ရသည်။ ထို့ပြင် နောက်ဆက်တွဲအဖြစ် ဗောဓိပက္ခိယတရား(၃၇)ပါး၊ သတိပဋ္ဌာန်(၄)ပါး၊ သမ္မပ္ပဓာန်လေးပါး၊ ဣဒ္ဓိပါဒ်လေးပါး၊ ဣန္ဒြေငါးပါး၊ ဗိုလ်ငါးပါး၊ မဂ္ဂင်ရှစ်ပါး၊ ပုထုဇဉ်အဓိပ္ပာယ်၊ သောတာပန်၏အဓိပ္ပာယ်၊ သမထဘာဝနာ၊ ဝိပဿနာ ဘာဝနာ၊ နီဝရဏ၊ ဈာန်၊ သမထ၊ ပရိညာသုံးပါး၊ ပဟာနငါးပါး၊ သံယောဇဉ်ဆယ်ပါး၊ ကိလေသာဆယ်ပါး၊ သစ္စာလေးပါး၊ သစ္စာအနက် တစ်ဆယ့်ခြောက်ချက်၊ အာယတနတစ်ဆယ့်နှစ်ပါး၊ ဓာတ်တစ်ဆယ့်ရှစ်ပါး စသည်တို့ကိုလည်း အသေးစိတ် ရှင်းလင်းထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|