|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ဓမ္မဝိလာသ (၁၉၇၁ ခုနှစ် အမျိုးသားစာပေဆုရ မြန်မာဝတ္ထုစစ်စစ်ကြီး)
-
-
Author(s):
လင်းယုန်သစ်လွင်
- Type: Myanmar Books
-
Category:
ဝတ္ထုရှည်
- No of Pages: 486
- Binding: Paperback
- Publication Month Year: Dec-2016
- Size: 13 cm x 21 cm
|
- Description: အင်္ဂလိပ်အပြေး ဂျပန်အဝင်၊ မြစ်ဝကျွန်းပေါ် စက္ကော့ရွာ၊ ဝက်တုပ်ဝက်ချည် အလောင်းတစ်လောင်း၊ မုန်တိုင်းည၏ ကယ်တင်ရှင်၊ ရွာကျောင်းဆရာတော် ရှင်ဓမ္မဝိလာသ၊ ဖအေမပေါ်သည့် ကိုယ်ဝန်၊ သမ္ဗန်သမား ညွန့်မောင်၊ တော်လှန်ရေးသမား ကိုမင်းဒင်၊ ရွာသူမပုလဲ၊ ဌာနပိုင် ကိုကံရ၊ သခင်လှကွန့်ကလေး၊ ကာလသားခေါင်း စံတုတ်၊ ဂျပန်စစ်ဗိုလ် မာစတာဟာတာ၊ ကပ္ပိယကြီး ဦးဖိုး စသည်တို့ကို အခြေခံပြီး ရေးဖွဲ့ထားသော မြန်မာဇာတ်အိမ်စစ်စစ် ဝတ္ထုရှည်တစ်ပုဒ် ဖြစ်သည်။ ဝတ္ထုကို ယုတ္တိဗေဒခိုင်လုံမှု၊ ကျိုးကြောင်းဆက်စပ်မှု၊ တွေးခေါ်မြော်မြင်မှုများအပေါ်တွင် အများဆုံးအားပြု၍ရေးသားထားသောကြောင့် ဖတ်သည့်အခါ ကျော်လွှား၍မဖတ်စေလိုကြောင်း၊ ထို့ပြင် ဤဝတ္ထုမှာ စာရေးသူ၏ စာရေးသက်တမ်းတစ်လျှောက် အပင်ပန်းဆုံး အကြိုးပမ်းရဆုံးနှင့် အားအထုတ်ရဆုံး ဝတ္ထုရှည်တစ်ပုဒ်ဖြစ်ကြောင်း စာရေးသူက အမှာစာတွင် ဆိုထားသည်။ မြန်မာဝတ္ထုစစ်စစ် ကြိုက်နှစ်သက်သူများ ဖတ်ရှုသင့်သည့် စာပေလက်ရာကောင်းတစ်အုပ်ဖြစ်သည်။ အစာရေးသူသည် ဤစာအုပ်ဖြင့် ၁၉၇၁ ခုနှစ်အတွက် အမျိုးသားစာပေဆု (ဝတ္ထုရှည်) ကို ရရှိခဲ့သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|