|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: “အများအကျိုးဆောင် ကိုယ့်အကျိုုးအောင်” “သင်ပြုသောကံ ပဲ့တင်သံ သင့်ထံပြန်လာမည်” ဟူသော ဆောင်ပုဒ်များအတိုင်း မိမိ စိတ်ကောင်းစေတနာကောင်းနှင့် ပြုမူဆောင်ရွက်လိုက်သော အမှုကိစ္စ၏တန်ပြန်အကျိုးသက်ရောက်မှုသည် မိမိအပေါ် တစ်နည်းမဟုတ်တစ်နည်းဖြင့် ပြန်လည်ရောက်ရှိလာမည်မှာ အသေအချာပင်ဖြစ်သည်။ ထိုသဘောကို John C.Maxwell and Les Parrott PhD တို့က လက်တွေ့ဖြစ်ရပ်များဖြင့် စနစ်တကျ စေ့စပ်လေ့လာစူးစမ်းကာ “ Ways to Win with People” ဟူသောအမည်ဖြင့် အောင်မြင်မှုဖော်ဆောင်ရေးအကြံပြုစာအုပ်တစ်အုပ် ပြုစုရေးသားခဲ့သည် ထိုစာအုပ်ကို ဒေါက်တာသိန်းလွင်မှ ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ အများရှေ့မှာ လူတွေကို ချီးကျူးအသိအမှတ်ပြုပါ၊ မှန်သော စကားကို အချိန်ကိုက်ပြောပါ၊ ရည်ရွယ်ချက်ကောင်းကောင်း ထားပါ၊ လူတွေ့၏ တန်ဖိုးကို မြှင့်ပေးပါ၊ နမူနာကောင်းကို ပြောပြပါ၊ လူတွေ၏ အားကောင်းချက်တွေကို ပြောဆိုပါ အပါအဝင် ဤစာအုပ်ထဲတွင်ဖော်ပြထားသော လျှို့ဝှက်ချက် ၂၅ ခုကို အခန်း ၂၅ ခန်းခွဲကာ အသေးစိတ်ရှင်းပြထားသည်။ လူအများနှင့်ဆက်ဆံရာတွင် အဆင်ပြေပြေအောင်မြင်ချင်သူတိုင်းအတွက် မရှိမဖြစ်လိုအပ်သော အောင်မြင်မှုဖော်ဆောင်ရေးလမ်းစဉ်များဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|