|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ဘဝဇာတ်ခုံ အဖုံဖုံ (မိမိရယူပိုင်ဆိုင်ထားသည့် ဘဝပေးအခြေအနေအတွင်းမှ ထက်သန်စွဲမြဲသော စိတ်ဓာတ်အရင်းတည်ပြီး အောင်မြင်မှုရယူနိုင်ခဲ့သူ ပုဂ္ဂိုလ် ၅၁ ဦး၏ အကြောင်း) (စိတ်ဓာတ်မြှင့်တင်ရေးစာစုများ)
-
-
Author(s):
ကျော်ရင်မြင့်
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 407
- Binding: Paperback
- Publication Month Year: Aug-2020
- Size: 13 cm x 21 cm
|
- Description: မိမိရယူပိုင်ဆိုင်ထားသည့် ဘဝပေးအခြေအနေအတွင်းမှ ထက်သန်စွဲမြဲသော စိတ်ဓာတ်အရင်းတည်ပြီး အောင်မြင်မှုကို ရယူနိုင်ခဲ့သူ ပုဂ္ဂိုလ် ၅၁ ဦး၏ အကြောင်းရေးသားထားသော စာအုပ်ဖြစ်သည်။ စင်ကာပူသို့ အသက် ၃၇ နှစ်မှ ရောက်ရှိခဲ့ပြီး ဘဝကို အောက်ခြေမှစခဲ့သူ စင်ကာပူ သပြေနုဆိုင်ပိုင်ရှင် ဒေါ်သန်းသန်းနု၊ အခက်အခဲ အမျိုးမျိုးမှ ရုန်းကန်ထိုးဖောက်ခဲ့ရသော ပြည်မြန်မာ ဦးအောင်ထွန်းနိုင်၊ မျက်စိအား ချွတ်ယွင်းနေသည့်ကြားမှ ပိဋကတ်သုံးပုံ အာဂုံဆောင်ခဲ့သော တိပိဋကဆရာတော် ဘဒ္ဒန္တဂန္ဓမာလာ၊ အခမ်းအနားမှူးလုပ်စားပေရော့ဟု သဘာဝတရားက မွေးဖွားပေးခဲ့သူ မတင်မိုးလွင်၊ ရုပ်ရှင်စီးပွားရေး အခြေအနေမကောင်းသည့် ကြားမှ ရုပ်ရှင်ကို ဖက်တွယ်ထားသူ သင်္ကြန်မိုးထုတ်လုပ်ခဲ့သည့် ရီမြင့်ရုပ်ရှင်ထုတ်လုပ်ရေး ကိုဇော်မြင့်၊ လူနူပါစေ စိတ်မနူပါစေနှင့်ဟု ဆိုသူ အနာကြီးမိဘများမှ မွေးဖွားခဲ့ပြီး လူမှုရေးလုပ်ငန်းများတွင် ပျော်မွေ့နေသူ ဦးအုံးငွေ၊ တစ်ချိန်က မန္တလေးဇာတ်သဘင် ရွှေထီးဆောင်းခဲ့သော်လည်း ယခုအခါ အခစားဇာတ်မန်နေဂျာအဖြစ် ရပ်တည်နေရသည့် ဇာတ်မင်းသားဟောင်း ကိုကိုဦး၊ အင်္ဂလိပ်လူမျိုး ကျောင်းသားများနှင့်အပြိုင် အင်္ဂလန်တွင် စာပေသင်ကြား ကြိုးစားခဲ့ရသည့် ပုပ္ပါးစိမ်းလန်းရေးတာဝန်ခံ သစ်တောအရာရှိ ဦးအုန်း၊ အသက် ၂ဝ နှင့် မန်းနေဂျင်းဒါရိုက်တာတာဝန်ယူထားသူ မမြခွာညိုအပါအဝင် နယ်ပယ်အသီးသီးတွင် ထူးချွန်ထက်မြက်ပြီး စံနမူနာယူရန်ကောင်းသည့် ပုဂ္ဂိုလ် ၅၁ ဦးအကြောင်းကို သူတို့၏ ဒဿန၊ ဘဝအတွေ့အကြုံများနှင့်တကွ ဖတ်ရှုရမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|