|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ပုံတော်စုံ ဝိပါက်တော် ၁၂ ပါး
-
-
Author(s):
အရှင်ဓမ္မဿာမီဘိဝံသ
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 75
- Binding: Paperback
- Publication Month Year: Dec-1991
- Size: 12 cm x 18 cm
|
- Description: ဝိပါက်သည် ဝိပါကမှ ဆင်းသက်လာသော မြန်မာစကားဖြစ်သည်။ အကုသိုလ်ကံ ကုသိုလ်ကံတို့၏ အကျိုးတရားဟု အဓိပ္ပာယ်ရသည့် ဝိပါက်သည် ကုသလဝိပါက် - ရှေးကပြုခဲ့သော ကုသိုလ်ကောင်းမှု၏ အကျိုး(ကောင်းကျိုး)နှင့် အကုသလဝိပါက် - ရှေးကပြုခဲ့သော အကုသိုလ်ကံ၏ အကျိုး(ဆိုးကျိုး)ဟူ၍ နှစ်မျိုး ခွဲခြားထားသည်။ ဂေါတမမြတ်စွာဘုရားသည် ရှေးရှေးဘဝ ပါရမီနုစဉ်အခါက ပြုလုပ်ခဲ့သော အကုသိုလ်ကံများကြောင့် ဘုရားဘဝတွင် စိဉ္စမာဏ မိန်းမယုတ်၏ စွပ်စွဲခြင်းကို ခံရခြင်း၊ ဒေဝဒတ်၏ ကျောက်မောင်းဆင် လုပ်ကြံခြင်းကို ခံရခြင်း၊ နာဠာဂိရိဆင်၏ တိုက်ခိုက်ခြင်းကို ခံရခြင်း၊ ပရိနိဗ္ဗာန်စံခါနီးအချိန် ဝမ်းတော်လားခြင်း အပါအဝင် အကုသိုလ်ဆိုးပြစ်များကို ခံခဲ့ရသည်။ ထိုဖြစ်ရပ်များအပါအဝင် ဖြစ်ရပ်ပေါင်း ၁၂ ခုကို ယခုစာအုပ်တွင် အမေးအဖြေပုံစံဖြင့် အကျယ်ဖတ်ရှုရမည်ဖြစ်ပြီး အကုသိုလ်ကံတို့သည် နောက်ဘဝများအထိ လိုက်လံအကျိုးပေးတတ်ပုံနှင့်တကွ အကုသိုလ်ကံ၏ ဆိုးပြစ်များကို မျက်ဝါးထင်ထင် ဖတ်ရှုကာ သင်ခန်းစာ ယူနိုင်ကြမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|