|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- မြန်မာမဟာ မင်္ဂလာမင်းခမ်းတော်
-
-
Author(s):
စာရေးတော်ကြီး ဦးရာကျော်
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 216
- Binding: Paperback
- Publication Month Year: Feb-2009
- Size: 13 cm x 21 cm
|
- Description: မင်းဆက် ၁၁ ဆက် စိုးစံခဲ့သော ကုန်းဘောင်ခေတ်သည် မြန်မာ့သမိုင်းတွင် အရေးအကြီးဆုံးသော ကဏ္ဍဖြစ်သည်။ ထိုခေတ်များတွင် မြန်မာစာပေ၊ တူရိယာဂီတ၊ မြန်မာမှုအပါအဝင် အဘက်ဘက်မှ တိုးတက်လာခဲ့သည်ကို သမိုင်းစာအုပ်များ ဖတ်ရှုကြည့်လျှင် သိရှိနိုင်ကြမည်ဖြစ်သည်။ ဤစာအုပ်တွင် အလောင်းမင်းတရားမှ သီပေါရွှေနန်းရှင်တိုင် ကုန်းဘောင် ၁၁ ဆက် မင်းဧကရာဇ်တို့၏ ဇာတာတော်များ၊ မိဖုရား၊ အိမ်ရှေ့၊ အိမ်ရှေ့မိဖုရား၊ သားတော်၊ သမီးတော်၊ အပေါင်း၏ ဖွားသက္ကရာဇ်၊ နေ့နံ၊ ငယ်အမည်တော်၊ ဘွဲ့တော်၊ ကံကျွေးခံမြို့ရွာ၊ အဖြစ်အပျက်၊ တိတ်နိမိတ်၊ ကောင်းမှုတော် အဆောက်အအုံစာရင်းများ၊ မင်းအသီးသီးတို့၏ ထီးဆောင်းမင်္ဂလာ၊ မဟာဥကင်တော်ဖွင့်၊ ဘိသိက်ခံ၊ အိမ်ရှေ့နှင်း စသော သုမင်္ဂလ အခမ်းအနားများ၊ သဂြိုဟ်တမ်း ဒုမင်္ဂလအခမ်းအနားဆိုင်ရာ စာတမ်းများ၊ ရောင်စုံ မင်းခမ်းတော် ပုရပိုက်ဖြူ မှတ်တမ်းတို့ကို အသေးစိတ်သုတေသနပြု စုစည်းထားသည်။ ဖြစ်စဉ်ထက် အချက်အလက်များကို မှတ်တမ်းတင်ထားသည့်အတွက် သမိုင်းသုတေသီများ အထောက်အထား ကျမ်းကိုးတစ်ခုအနေဖြင့် အသုံးချနိုင်မည့် စာအုပ်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|