|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- အိုဘားမား သမ္မတအဖြစ် လျှောက်သောလမ်း
-
-
Author(s):
ဟိန်းလတ်
- Type: Myanmar Books
-
Category:
နိုင်ငံရေး
- No of Pages: 286
- Binding: Paperback
- Publication Month Year: Mar-2009
- Size: 13 cm x 21 cm
|
- Description: အိမ်ဖြူတော်၏ ပထမဦးဆုံး လူမည်းသမ္မတတစ်ဦးသည့် “ဘားရက်အိုဘားမား”ကိုယ်တိုင် ရေးသားခဲ့သော “The Audacityof Hope”ကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ ၁၉၉၄ခုနှစ်တွင် ရေးသားခဲ့သော “Dreams From My Feather”ကိုလည်း ဆရာဟိန်းလတ်မှပင် “ဖေ့ဖေ့ထံမှ အိပ်မက်များ”နာမည်ဖြင့် ဘာသာပြန်ခဲ့ပြီးဖြစ်သည်။ “Dreams From My Feather”မှာ ဘားရက်အိုဘားမား၏ ငယ်ဘဝမှ စတင်ပြီး ဟားဗတ်ဥပဒေရီဗျူးဂျာနယ် ဥက္ကဋ္ဌဖြစ်သည်အထိ မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ ယခုစာအုပ်မှာမူ ၂ဝဝ၆ ခုနှစ်က ထုတ်ဝေခဲ့သော သူ၏ နိုင်ငံရေးစာအုပ်ဖြစ်သည်။။ သူ၏ အတွေးအခေါ်များ၊ ဒဿနများ၊ အာဖရိကန်-အမေရိကန် ဥပဒေပညာရှင်များ၊ အမေရိကန်လူမျိုး၏ အမျိုးသားရေးလက္ခဏာများ၊ ကွန်ဂရက်အကြောင်း၊ ဆီးနိတ်အကြောင်း၊ နိုင်ငံရေးအကြောင်းများကို သုံးသပ်လေးလာပြထားခြင်းဖြစ်သည်။ လေးနက်ခက်ခဲသော အကြောင်းအရာများကို အတွေးရှင်းရှင်း အရေးခပ်သွက်သွက်ဖြင့် ရေးသားထား၍ နိုင်ငံရေးသဘောတရား လုံးဝတီးမိခေါက်မိ မရှိသူများပင် ဖတ်၍ နားလည်နှစ်ခြိုက်သော စာအုပ်ဖြစ်သည်။ ဘားရက်အိုဘားမား၏ နိုင်ငံရေးဘဝကို အသေးစိတ်ဖော်ပြထားကာ မည်သည့် အရည်အသွေးကြောင့် အာဖရိကန်-အမေရိကန်လူမျိုးများထဲမှ အမေရိကန်သမ္မတအဖြစ် အရွေးချယ်ခံခဲ့ရသည့် အဖြေကို ဖတ်ရှုရမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|