|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- လူငယ်များအတွက် ယဉ်ကျေးမှုအသိလိမ္မာ ဗုဒ္ဓဘာသာသိကောင်းစရာ
-
-
Author(s):
စိတ်ကူးချိုချိုစာတည်းအဖွဲ့
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 133
- Binding: Paperback
- Publication Month Year: May-2009
- Size: 16 cm x 21 cm
|
- Description: လူငယ်များအတွက် ဗုဒ္ဓဘာသာသိမှတ်စရာ အထွေထွေတို့ကို အကျဉ်းချုံးရှင်းပြထားသော စာအုပ်ဖြစ်သည်။ အခန်း ၄ ခန်းပါရှိပြီး ၎င်းတို့မှာ ဘုရားရှိခိုး၊ စရဏနှင့် ဗုဒ္ဓ၊ ကျင့်ဝတ်၊ ပညာဟူသော အခန်းများဖြစ်ကြသည်။ ဘုရားရှိခိုးခန်းတွင် ဘုရားပင့်၊ သီလဆောက်တည်ပုံ၊ ဆွမ်း ရေချမ်းကပ်၊ ဘုရား တရား သံဃာဂုဏ်တော်များ၊ လယ်တီ ၇ နေ့ ဘုရားရှိခိုး၊ ပကိဏ္ဏက နမက္ကာရ အစိန္တေယျ ဘုရားရှိခိုးနှင့် အခြား ဂါထာများ၊ ၃၈ ဖြာ မင်္ဂလာတရားတော် ပါဠိနှင့် မြန်မာပြန်တို့ကိုလည်းကောင်း၊ စရဏနှင့် ဗုဒ္ဓအခန်းတွင် ရေအကျိုး ၁ဝ ပါး၊ ဒုစရိုက် ၁ဝ ပါး၊ လောကဓံ ၈ ပါးအပါအဝင် အပါးစုများအကြောင်း၊ မြတ်ဗုဒ္ဓ၏ ဖြစ်တော်စဉ် အကျဉ်းကိုလည်းကောင်း၊ ကျင့်ဝတ်အခန်းတွင် သိင်္ဂါလောဝါဒသုတ်လာ ကျင့်ဝတ်များအကြောင်း၊ လောကသာရပျို့ဆုံးမစာ၊ ရှင်မဟာရဋ္ဌသာရ ဆုံးမစာတို့ကို ခက်ဆစ်အဓိပ္ပာယ်များနှင့်လည်းကောင်း၊ ပညာအခန်းတွင် ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌသာရ၊ ကန်တော်မင်းကျောင်းဆရာတော်၊ တောင်ဖီလာဆရာတော်၊ စိန္တကျော်သူဦးသြ၊ ရာမရကန်ဦးတိုး၊ ကျည်းကန်ရှင်ကြီး၊ မုံရွေးဆရာတော်၊ မန်လည်ဆရာတော်တို့၏ ထင်ရှားသော စာပေလက်ရာများအကြောင်းကိုလည်းကောင်း ရှင်းလင်းရေးသားထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|