|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ကြိုက်ရာရွေးချယ် လမ်းလေးသွယ် တရားတော်
-
-
Author(s):
အရှင်လက္ခဏ (ကျစွာချောင်)
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 79
- Binding: Paperback
- Publication Month Year: Aug-2009
- Size: 12 cm x 17 cm
|
- Description: စစ်ကိုင်းရှိ ဝါးချက်ဇီဝိတဒါနသံဃာ့ဆေးရုံကို ဦးစီးတည်ထောင်ခဲ့သော စစ်ကိုင်းကျစွာဆရာတော် ဘဒ္ဒန္တဦးလက္ခဏ ဟောကြားတော်မူသည့် တရားနှစ်ပုဒ်ကို စုစည်းပေးထားခြင်းဖြစ်သည်။ ဇီဝိတဒါန ဆေးပဒေသာပင်အလှူတရားတွင် စစ်ကိုင်း ဝါးချက်ဇီဝိတဒါနသံဃာ့ဆေးရုံကို ဖြစ်မြောက်အောင် ဆရာတော်၏ ကြိုးပမ်းခဲ့မှုများနှင့် လက်ရှိဆောင်ရွက်နေသော ဆေးကုသမှုဆိုင်ရာ လုပ်ငန်းများ၊ ဆေးလှူရခြင်းအကျိုးနှင့် မြတ်စွာဘုရားလက်ထက်တော်က ဆေးလှူအကျိုးကြောင့် သေတွင်းမှ အကြိမ်ကြိမ် လွတ်လာခဲ့သူ ဧတဒဂ်ဘွဲ့ရ ဗာကုလအကြောင်းကို ဟောကြားထားသည်။ ကြိုက်ရာရွေးချယ် လမ်းလေးသွယ်တရားတော်မှာမူ ရန်ကုန်၊ ဒဂုံမြို့သစ် အရှေ့ပိုင်းရှိ သီရိလက္ခဏရာမ ဒဂုံသာသနာ့ရိပ်သာအတွင်း ၇ ရက်တိုင်တိုင် ကျင်းပခဲ့သော ပထမအကြိမ်မြောက် ဝိပဿနာ ဘာဝနာ တရားစခန်းပွဲတွင် ဆရာတော်ကိုယ်တိုင် ဟောကြားခဲ့ခြင်းဖြစ်သည်။ ၃၁ ဘုံသား သတ္တဝါများ လျှောက်လှမ်းနေကြသည့် လမ်းလေးသွယ်ရှိရာ အပါယ်လေးဘုံသည် တစ်လမ်း၊ လူ့ဘုံ နတ်ဘုံသည် တစ်လမ်း၊ ဗြဟ္မာ့ဘုံ ၂ဝကို သွားသည့်လမ်းသည် တစ်လမ်း၊ နိဗ္ဗာန်ကိုသွားသည့် လမ်းသည် တစ်လမ်း စုစုပေါင်း လေးလမ်းဖြစ်သည်။ ထိုလမ်းများအကြောင်းနှင့် ထိုလမ်းသို့ရောက်စေသည့် သုစရိုက်၊ ဒုစရိုက်များအကြောင်းကို အသေးစိတ်နာကြားကြရမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|